Wednesday, April 24, 2013

H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေမြင့်တက်လာ….

တရုတ်နိုင်ငံတစ်ဝှမ်းကြက်ငှက်တုပ်ကွေးရောဂါ H7N9 ပိုးကူးစက်ဖြစ်ပွား
သူ(၁၀၈)ဦးအထိရှိနေပြီးသေဆုံးသူ(၂၂)ဦးရကြောင်း အာဏာပိုင်များ
ကအတည်ပြုပြောကြားလိုက်သည်။

မကြာသေးမီရက်များအတွင်းက ၄င်းH7N9 ပိုးနှင့် ပတ်သက်ပြီး နိုင်ငံတကာ
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဟု WHO ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကြီးက
ပြောကြားထားသည်။

လက်ရှိနိုင်ငံအတွင်း ပြည်နယ်တော်တော်များများတွင် ဖြစ်ပေါ်နေသော
H7N9 ကြက်ငှက်တုပ်ကွေးရောဂါပိုးသည် ကြက်ငှက်တုပ်ကွေးအချင်း
ချင်းကြားကူးစက်ခြင်းသာ တွေ့ရပြီးလူအချင်းချင်းကူးစက်မှုမရှိသေးကြောင်း
လေ့လာတွေရှိချက်ကို နိုင်ငံပိုင်ကျန်းမာရေးဌာနကထုတ်ပြန်ကြေငြာကြောင်း
ရိုက်တာသတင်းဌာနက တင်ပြသွားသည်။
from WHITE PAGES

No comments:

Post a Comment