Saturday, April 6, 2013

မြောက်ကိုရီးယား နယ်စပ်တစ်လျှောက် တရုတ်တပ်အင်အား တိုးချ



 
တင်းမာမှု အရှိန်မြင့်မားလာသည့် ကိုရီးယားကျွန်းဆွယ် အရေးနှင့်ပတ်သက်၍ ရတက်မအေးဖြစ်နေသည့် တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ တပ်အင်အားအချို့ကို မြောက်ကိုရီးယား နယ်စပ်အနီး ဖြန့်ကျက်ချထား လိုက်သည်။ဖြန့်ကျက်ချထားသည့် တပ်အင်အားတွင် တိုက်လေယာသမားများအား အသင့်ပြင်ထားခြင်း၊ အမြောက်နှင့် သံချပ်ကာ တပ်များလည်း ပါဝင်သည်။
တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်ပြီး၊ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည်။
ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း ဖြစ်ပွား လာဖွယ် ရှိသည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ တရုတ်တပ်မတော်က အဆိုးဆုံးအခြေအနေကို မျှော်မှန်း၍ လိုအပ်သည့် စစ်ပြင်ဆင်မှုများနှင့်၂၄နာရီ တပ်အသင့်ဖြစ်ရေး သတိပေး အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
အကယ်၍ ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားလာပါက မြောက်ကိုရီးယား စစ်ဘေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း အလုံးအရင်းဖြင့် ၀င်ရောက်မည့် အရေးကိုလည်း တရုတ်က စိုးရိမ်မကင်းဖြစ်နေသည်။
from HOT NEWS

No comments:

Post a Comment