Mississippi ပြည်နယ် Republican အထက်လွှတ်တော်အမတ် ရော်ဂျာ ၀စ်ကာ (Roger
Wicker) ထံကို ပေးပို့တဲ့ စာအိတ်မှာ လူကိုသေစေတဲ့ ကြက်ဆူစေ့က ထွက်တဲ့
အဆိပ်ကို စစ်ဆေး တွေ့ရှိရတယ်လို့ လွှတ်တော်ရုံး အရာရှိတွေက ပြောပါတယ်။စာကို အမေရိကန် လွှတ်တော်ရုံးကို လွှဲပြောင်းပေးပြီးတဲ့ စာတိုက်တခု မှာ တွေ့ရတာပါ။ စာအိတ်ကို နှစ်နေရာ စစ်ဆေးပြီး ricin အဆိပ် တွေ့ ရတယ်လို့ လုံခြုံရေး အရာရှိတွေက ပြောပါတယ်။ စစ်ဆေးမှုတွေကိုတော့ ဆက်လုပ်နေဆဲပါ။
ဒီကြက်ဆူစေ့က ထွက်တဲ့ အဆိပ်ဟာ အလွန်ပြင်းထန်တဲ့ အဆိပ် မျိုးဖြစ်ပြီး၊ သေး ငယ် တဲ့ အစက် တစက်နဲ့တင် လူကြီးတဦးကို သေစေနိုင် ပါတယ်။
VOA News
No comments:
Post a Comment