Wednesday, April 24, 2013

ကျောင်းသားများကို သနားသဖြင့် စာခိုးချခွင့်ပြုသောဆရာမအား စစ်ဆေး


 
 ကျောင်းသားများ စာမရသည်ကို ခိုးချခွင့်ပြုခဲ့သည့်ဆရာမအား အရေးယူ
စစ်ဆေးခဲ့သည့် အဖြစ်အပျက်တစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာ
ပြည်နယ်၊ အတ္တလန်တာမြို့တွင် ဖြစ်ပွားခဲ့သည်။



၅ တန်းအဆင့် ကျောင်းသား ၃ ဦးကို စာခိုးချရန် အကူအညီပေးမှုဖြင့် သင်္ချာဆရာမ ရှေလာ စမစ်ကို ကျောင်းဘုတ်အဖွဲ့က စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ဒေါ့ဘ်အထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့သည့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆရာမ စမစ်ကို ကျောင်းအာဏာပိုင်များက
နောက်ထပ် ဆက်လက်စာချုပ်ခွင့် မပေးတော့ကြောင်း မဲဖြင့်ရွေးချယ်
ဆုံးဖြတ်ခဲ့ကြသည်။

အတ္တလန်တာတွင် ကျောင်းဆရာ ဆရာမများကိစ္စနှင့် ပတ်သက်ပြီး အရေးယူအပြစ်ပေးလိုပါက မဲခွဲဆုံးဖြတ်လေ့ရှိသည်။ ဆရာ ဆရာမပေါင်း ၁၈၀ ကို မဲခွဲရာတွင် အများစုက အပြစ်ရှိကြောင်း ဆုံးဖြတ်ကြသဖြင့် ဆရာမစမစ်မှာ ဆရာလောကမှ အနားယူရတော့မလို ဖြစ်နေ သည်။

စမစ်က "သူတို့ မဖြေနိုင်မှန်းသိလို ကူညီမိတာပါ။ ဘယ်လိုရည်ရွယ်ချက်နဲ့မှ မဟုတ်ပါဘူး" ဟုပြောကြားခဲ့သော်လည်း အားလုံးက ခွင့်လွှတ်မပေးနိုင်
ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဆရာမသည် ကြောက်ရွံ့ပြီးကျောင်းအုပ်ြ
ကီး နှင့်ပင် ရင်ဆိုင်တွေ့ဆုံရန်
ငြင်းဆန်ခဲ့သည်။

ဆရာမသည် စာမေးပွဲစစ်ဆေးနေစဉ် ကျောင်းသားများကို အဖြေပြောပြခြင်း
အား ကျောင်းသူတစ်ဦးက တိုင်ကြားသဖြင့် ထိုသို့စစ်ဆေးအရေးယူခဲ့
ရခြင်းဖြစ်သည်။ ကျောင်းသူက စာမေးပွဲစစ်ဆေးနေသည့် ကာလများ အတွင်း တောက်လျှောက် ဆရာမသည် ထိုကျောင်းသားများအား အဖြေ
ပြောပြသည်ဟု ထွက်ဆိုခဲ့သော်လည်း ဆရာမကတစ်ရက်တည်းပါဟု ငြင်းဆို
ထားသည်။

ဆရာမသည် အခြားကျောင်းသားများ ဖြေဆိုထားသည့် အဖြေများကို ထိုကျောင်းသားများအား ပြောပြခြင်း ကြောင့် အချို့အဖြေများမှာ အမှား
များကိုပင် ပြောဆိုထားသဖြင့် ကျောင်းသားများက ထိုအတိုင်းချရေးထား
ကြောင်း စစ်ဆေးရေးအဖွဲ့က ပြောဆိုခဲ့သည်။

ကျောင်းအာဏာပိုင်များက နောက်နောင် ဤအဖြစ်မျိုးမဖြစ်စေရန် သတိထားဆောင်ရွက်ပါမည်ဟု ပြောကြား ထားသည်။
from W G

No comments:

Post a Comment