Tuesday, April 9, 2013

ယခုနှစ်မန်းသင်္ကြန် လုံခြုံရေးအထူးတင်းကျပ်မည်

ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ယခုနှစ်မန္တလေးသင်္ကြန် လုံခြုံရေးအား
အထူးတင်းကျပ်ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။
သင်္ကြန်တွင်း လုံခြုံရေးအတွက် ဗဟိုကွပ်ကဲရေးရုံးကို မြို့တော်ဝန် မဏ္ဍပ်တွင် ထားရှိမည်ဖြစ်သည်။
တိုင်း၊ ခရိုင်မြို့နယ်အသီးသီးမှ လုံ ခြုံရေးရဲတပ်သား ၄၇၆ ဦးဖြင့် အထူးစီမံချက်ဆွဲထားကာ
ယာဉ် ထိန်းရဲ ၁၄၄ဦး အရန်မီးသတ် အင်အား ၃ဝဝ ဖြင့် ဖွဲ့စည်းထားပြီး ဗဟိုကွပ်ကဲရေးရုံးတွင်
သံဃာ စည်း ကမ်းထိန်းသိမ်းရေးအတွက် ထေကြီး ဝါကြီး သံဃာ ၁ဝ ပါးနှင့် ကျန်းမာ ရေးဝန်ထမ်း ၁ဝ ဦးထားရှိမည် ဖြစ် သည်။
အပန်းဖြေရာ လူစည်ကားရာ နေရာများဖြစ်သည့် ကျောက်တော် ကြီးဘုရား၊
ကုသိုလ်တော်၊ မန္တလေး တောင်၊ ဆည်တော်လေး၊ တောင်သ မန်၊ ဧရာဝတီဆိပ်ကမ်း၊ မဟာမုနိ၊ အောင်တော်မူစသည့် နေရာများတွင်
လုံခြုံရေး ပုံမှန်ထက် ပိုမို ထားရှိသွားမည်ဖြစ် ပြီး မြို့တွင်း စခန်းများတွင်လည်း ပုံမှန်အတိုင်း တာဝန်ကျရဲမှူးများ ရှိ နေမည်ဖြစ်ပြီး
ပြဿနာတစ်ခုခုဖြစ်ပါ က ဆက်သွယ်နိုင်ကြောင်း၊ ဆက် သွယ်ရမည့် ဖုန်းနံပါတ်များလည်း ဖြန့်ဝေထားပြီး ဖြစ်၍
တိုင်းဒေသကြီး ရုံးတွင်လည်း အရာရှိ အဆင့် ၃ ဦးနှင့်အတူ တပ်သား ၄၇ ဦးတို့က အရန်သင့်ရှိနေမည် ဖြစ်သည်။
အရေးပေါ် ကားများလည်း အဆင် သင့် ထားရှိကာ ပဋိပက္ခ တစ်ခုခု ဖြစ်ပေါ်ခဲ့ပါက
မန္တလေးရှိ ရဲတပ်ရင်း ၄ နှင့် ၁၄ တို့နှင့်ပူးပေါင်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊
အထူး သဖြင့် ကျုံးဘေးလေးဖက်သို့ ဝင်သည့်ကားများ၊ ဆိုင်ကယ်များ အား ဝင်သည့်အပေါက်မှ
တုတ်၊ ဓား လက်နက်ကိုင်ဆောင်မှု ရှိ၊ မရှိ စစ် ဆေးသွားမည် ဖြစ်ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဦး စိုးငြိမ်းကပြောသည်။
from Popular Myanmar News Journal

No comments:

Post a Comment