နေပြည်တော်၊ လယ်ဝေးမြို့ နယ်၊ ကွမ်းခြံကျေးရွာတွင် ဧပြီ (၂၂) ရက် ညနေ
(၄း၃၀) နာရီ တွင် ရွာ၏အရှေ့တောင်ဘက်မှ ဦးတည်၍ ရုတ်တစ်ရက်မိုးသက်
လေပြင်းတိုက်ခက်ခဲ့ကြောင်း သိရ သည်။
ကွမ်းခြံကျေးရွာသည်ရွာကြီး တစ်ရွာဖြစ်ပြီးအိမ်ခြေ (၆၀၀) ခန့် ရှိရာရုတ်ရက်မိုးသက်လေပြင်း (၁) မိနစ်ခန့်တိုက်ခတ်မှုကြောင့် နေ အိမ် (၅၀) ခန့် အမိုးများ လန်ခဲ့ သလိုဆောက်လက်နေအိမ် (၁) လုံးမှာလည်း ပြိုကျသွားခဲ့သည်။ အဆိုပါနေအိမ်ဆောက်လုပ်နေစဉ် အိမ်ပြိုကျခဲ့ခြင်းဖြစ်ပြီး
ကိုစော်ဘွား ကြီး၊ ကိုနန်းအောင်နှင့် ကိုမျိုးတို့ (၃) ဦးမှာ
ထိခိုက်ဒဏ်ရာအနည်း ငယ်ရရှိခဲ့ကြပြီး ကိုမျိုးမှာ ဦးခေါင်း ထိခိုက်၍ (၆)
ချက်ချုပ်ရ ကိုစော်ဘွားကြီးမှာ သတိမေ့ မျောကာသွားတစ်ချောင်းလည်း
ကျိုးခဲ့သည်ဟုသိရသည်။ အခြား အိမ်များမှ အဘွားအို (၂) ဦးလည်း
အနည်းငယ်ထိခိုက်ဒဏ်ရာများရရှိ ခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ် မှုကို နေပြည်တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိ ပုဂ်္ဂိုလ်များလာရောက်ကြည့်ရှု၍ ပျက်စီးဆုံးရှုံးမှုစာရင်းကို မေးမြန် စုံစမ်းကောက်ယူလျက်ရှိကြောင်း ကွမ်းခြံကျေးရွာမှ ဒေသခံတစ်ဦး ကပြောသည်။
from -The Hot News Weekly
ကွမ်းခြံကျေးရွာသည်ရွာကြီး တစ်ရွာဖြစ်ပြီးအိမ်ခြေ (၆၀၀) ခန့် ရှိရာရုတ်ရက်မိုးသက်လေပြင်း
အဆိုပါလေပြင်းတိုက်ခတ် မှုကို နေပြည်တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိ ပုဂ်္ဂိုလ်များလာရောက်ကြည့်ရ
from -The Hot News Weekly
No comments:
Post a Comment