Tuesday, April 9, 2013

မွန်ပြည်နယ်အတွင်း ယာဉ်တိုက်မှု လျော့နည်းစေရန်Mobile Teamစနစ်ဖြင့် ရှောင်တခင် အရေးယူမည်

မွန်ပြည်နယ်အတွင်း ယာဉ် တိုက်မှု လျော့နည်းစေရေးအတွက် မိုဘိုင်းတင်းမ်Mobile Teamစနစ်ဖြင့်
ရှောင်တခင် စစ်ဆေး အရေးယူမည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ် စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေး မြင့်အောင်က ပြောသည်။
ဧပြီ ၅ ရက်နေ့က ကျင်းပခဲ့ သော ပဉ္စမအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန် အစည်း အဝေးတွင်
ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိန်မြင့် က မွန်ပြည်နယ်အတွင်း
ယာဉ် တိုက်မှုနှင့် သေဆုံးဒဏ်ရာရရှိမှု လျော့နည်းစေရေးအတွက် စစ်ဆေး အရေးယူမည့် အစီအစဉ် ရှိမရှိ မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ထူးထူး (မော်လမြိုင်)
From Popular Myanmar News Journal

No comments:

Post a Comment