Wednesday, April 24, 2013

ဂျာမနီနိုင်ငံတွင် ကြွက်သတ်ဆေးပါသော ပေါင်မုန့်လုံးများ စားမိကာ လူ(၂၅)ဦးဆေးရုံတင်လိုက်ရ…



 
 
 
 
 
 
ဂျာမနီနိုင်ငံ၊ဆက်ဆော်နီပြည်နယ်အောက်ပိုင်းဗတ်ခ်ျတာမြို့အနောက်
မြောက်ပိုင်းအနီးရှိပလတ်စတစ်ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းအယောက်
(၂၅)က လက်ဆောင်အဖြစ်ရရှိသည့် ပေါင်မုန့်လုံးများကိုစားမိပြီးနောက်
ဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ကုမ္ပဏီ၏ တံခါးဝတွင်
လက် ဆောင်အဖြစ်ပို့ထားသည့် ပေါင်မုန့်ဘူးကိုတွေ့ရပြီး အထဲက
ပေါင်မုန့်လုံးများတွင် ကြွက်သတ်ဆေးလို့ထင်ရသော ပစ္စည်းမျိုးပါဝင်ခြင်းကို
မည်သူမျှ သတိမထားမဘဲ စားမိခြင်းကြောင့် ကုမ္ပဏီဝန်ထမ်း(၂၅)ဦးမှာ
အဆိပ်သင့်မှုကြောင့် ဆေးရုံ၏ ကြပ်မတ်ကုသဆောင်တွင် ရောက်ရှိ
နေကြောင်း သိရသည်။ထို့အပြင်မစားရသေးသော ပေါင်မုန့်နမူနာများကို
ဘာလင်ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးနေတယ်ကြောင်း SkyNews
သတင်းဌာနက တင်ပြသွားသည် 
from WHITE PAGES


No comments:

Post a Comment