Saturday, April 6, 2013
ဒေါ်အောင်ဆန်းစုကြည် ၁၃ ရက်နေ့ ဂျပန်သွားမည်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မဟာသင်္ကြန် အကြိုနေ့ဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ခြောက်ရက်ကြာ သွားရောက်မည့် အဆိုပါခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လစ်ဘရယ်ဒီမိုကရက်တစ် ပါတီမှ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်သည့် အစိုးရအဖွဲ့နှင့် တွေ့ဆုံ သွားမည်ဖြစ်ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဆိုသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment