Tuesday, April 9, 2013

မီးဖိုချောင်သုံး အင်္ဂလိပ်ကြိယာ စကားလုံးများ


 
 ဘာရယ်လို့မဟုတ်ပါဘူး။ အင်္ဂလိပ်စာ ဗဟုသုတ နဲ့ ပညာ ပြန်မျှဝေ တာ မျိုးလေး လုပ်ရင်ကောင်းမလားလို့ပါ။ ပထမဦးဆုံး အနေနဲ့ မီးဖိုချောင်သုံး အင်္ဂလိပ် ဘာသာ ကြိယာ များကို ဖော်ပြ လိုက်ပါတယ်။

အစကတော့ စဉ်းစားမိပါတယ်။ ကျနော် ပန်းသီးဖျော် ရည်ဖျော် သောက်တယ်ဆိုရင် ဖျော်တာကိုဘယ်လို ခေါ်ရမှန်း သိသလို၊မသိသလိုနဲ့ ပြောရမှာကျ တစ်လစ်တစ်လစ် ဖြစ် ရပါလေရော။ ဖျော်တာကို သူက Blend လို့ သုံးပါတယ်။

ဥပမာ- အရသာရှိတဲ့ သစ်သီးဖျော်ရည်ရဖို့အတွက် ကျနော် အဖျော်စက်ကို သစ်သီးဖျော်ဖို့အတွက် သုံးလေ့သုံးထတော့ ရှိတယ်လို့ ပြောချင်တယ်ဆိုရင် -

I often blend fresh fruit in my blender to make deliciuos juices.

လို့ပဲ သုံးပါတယ်။ Blender ကို အဖျော်စက်ကို ခေါ်ပြီး er ဖြုတ်လို့ Blend လို့ပဲ သုံးရင် ကြိယာ (Verb) ဖြစ်သွားပါတယ်။ ကိုယ်တိုင် အားရင် အားသလို ရေးကျင့်၊ပြောကျင့်လို့ရအောင် မျှဝေ ပေးလိုက် ရပါတယ်။ 

from Aye Chan Mon

No comments:

Post a Comment