ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)သည် မြန်မာနိုင်ငံဆိုင်ရာ
လုပ်ငန်းအစီအစဉ်များအတွက် ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၁၅၀
ကို အကူအညီပေးအပ်သွားရန် အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာန သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှု၊ ထိရောက်သော ဒေသတွင်းအုပ်ချုပ်မှုတို့အတွ က်
အမေရိကန်ဒေါ်လာ ၅၉ သန်း၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်၊
စွမ်းအင်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အမေရိကန်ဒေါ်လာ ၄၆ သန်းနှင့်
ဒီမိုကရေစီအုပ်ချုပ်မှုနှင့် ထိရောက်သော ဖွံ့ဖြိုးမှုတို့အတွက် အမေရိကန်ဒေါ်လာ ၄၅ သန်းတို့ကို ခွဲဝေသုံးစွဲသွားမည်ဖြစ်သည် ။
UNDP သည် မြန်မာနိုင်ငံအတွက် ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာကာလတွင် လူ့စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (HDI)ဖြင့်သာ အကူအညီပေးအပ်နေရာမှ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကုန်မှစ၍ ပုံမှန်နိုင်ငံအခြေအနေကို ပြန်လည်ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကဏ္ဍသုံးရပ်တွင် ပံ့ပိုးကူညီခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် လူ့အဖွဲ့အစည်းဆိုင်ရာ အလုံးစုံဖွံ့ဖြိုးမှု၊ ထိရောက်သော ဒေသတွင်းအုပ်ချုပ်မှုတို့အတွ
ဒီမိုကရေစီအုပ်ချုပ်မှုနှင့်
UNDP သည် မြန်မာနိုင်ငံအတွက် ၁၉၉၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၉ နှစ်ကြာကာလတွင် လူ့စွမ်းရည်ဖွံ့ဖြိုးတိုးတက
from Aye Chan Mon
No comments:
Post a Comment