နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ဗဟိုဘဏ် ဆွဲတင် ဆွဲချ ပြုလုပ် နေခြင်းမဟုတ်ကြောင်း ဗဟိုဘဏ်အ ကြီးတန်း အရာရှိက ပြောသည်။
ယခင်နှစ် ဧပြီ ၁ ရက်ကစ၍ နှုန်း ရှင် ငွေလဲလှယ်နှုန်းထားစနစ် စတင် ပြောင်းလဲ ကျင့်သုံးပြီးနောက် နိုင်ငံ တကာ ငွေကြေးဈေးကွက်ပေါက်ဈေး အတိုင်း နေ့စဉ် ဈေးနှုန်းကို တွက်ချက် သတ်မှတ်ပေးခြင်းသာရှိသည်ဟု ၄င်းက ဆိုသည်။ဗဟိုဘဏ်က နိုင်ငံတကာငွေဈေး ကွက်၊ ရွှေဈေးကွက်ကို အခြေခံပြီး ပြည် တွင်း ဒေါ်လာဈေးကွက်ကို ဈေးကစား နေဟန်ရှိသည်ဟု စီးပွားရေးအသိုင်းအ ဝိုင်း၏ ဝေဖန်မှုအပေါ် ဗဟိုဘဏ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အနေအထားမှာလည်း တစ်ဒေါ်လာ ငွေတစ်ကျပ်တက်ရန် ယခင်က အချိန်ယူစောင့်ရသော်လည်း ယခုတွင် တစ်ဒေါ်လာလျှင် နေ့စဉ် ၄- ၅ ကျပ် မှ ကျပ် ၁ဝ အထိ အတက် ကြမ်းသွားသည့်အတွက် ဈေးကွက်အ တွင်း ဝေဖန်မှုများ ရှိလာခဲ့ခြင်းဖြစ်သည် ဟု လုပ်ငန်းရှင် တစ်ဦးက ဆို သည်။ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌက တစ် ဒေါ်လာ ကျပ် တစ်ထောင် မဖြစ်သင့် ဘူးလားဆိုသည့် လွှတ်တော်၌ မေးခွန်း ထုတ်ပြီးနောက်ပိုင်း ဈေးတက် သွားခြင်း အပေါ်၌လည်း စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြသည်။
၁၉၉ဝ ခုနှစ် ဗဟိုဘဏ်ဥပဒေဖြင့် ရပ်တည်နေသော ငွေရေးကြေးရေး အာ ဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ဗဟို ဘဏ်အနေဖြင့် ကန်ဒေါ်လာ အတက် အကျကို ဆွဲတင် ဆွဲချပြုလုပ်ခွင့်မရှိပေ။အဂ င်္လန်ဥပဒေအား မှီငြမ်းထား သည့် ဗဟိုဘဏ်ဥပဒေသစ်မူကြမ်းတွင် လည်း အထက်ပါသဘော တရားအတိုင်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု သိရ သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) က မေလ နောက်ဆုံး ပတ်၌ မြန်မာ့ ဗဟိုဘဏ်သည် နိုင်ငံ ခြားငွေလဲလှယ်နှုန်းတွင် ပမာဏတစ် ရပ်ကို ရည်မှန်းချက်ထားကာ လုပ် ဆောင်ခြင်း မဟုတ်ဘဲ ငွေကြေးပေါက် ဈေးအတိုင်း သာလုပ်ကိုင်သတ်မှတ်ပေး ခြင်းဖြစ်ကြောင်းဖော်ပြခြဲ့ ပီး ဖြေလျှော့မှု များကြောင့် နိုင်ငံခြား ငွေလဲလှယ်မှုကိစ္စ တိုးတက်လာကြောင်း ထုတ်ပြန်ခဲ့ သည်။
from Popular Myanmar News Journal
ယခင်နှစ် ဧပြီ ၁ ရက်ကစ၍ နှုန်း ရှင် ငွေလဲလှယ်နှုန်းထားစနစ် စတင် ပြောင်းလဲ ကျင့်သုံးပြီးနောက် နိုင်ငံ တကာ ငွေကြေးဈေးကွက်ပေါက်ဈေး အတိုင်း နေ့စဉ် ဈေးနှုန်းကို တွက်ချက် သတ်မှတ်ပေးခြင်းသာရှိသည်ဟု ၄င်းက ဆိုသည်။ဗဟိုဘဏ်က နိုင်ငံတကာငွေဈေး ကွက်၊ ရွှေဈေးကွက်ကို အခြေခံပြီး ပြည် တွင်း ဒေါ်လာဈေးကွက်ကို ဈေးကစား နေဟန်ရှိသည်ဟု စီးပွားရေးအသိုင်းအ ဝိုင်း၏ ဝေဖန်မှုအပေါ် ဗဟိုဘဏ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အနေအထားမှာလည်း တစ်ဒေါ်လာ ငွေတစ်ကျပ်တက်ရန် ယခင်က အချိန်ယူစောင့်ရသော်လည်း ယခုတွင် တစ်ဒေါ်လာလျှင် နေ့စဉ် ၄- ၅ ကျပ် မှ ကျပ် ၁ဝ အထိ အတက် ကြမ်းသွားသည့်အတွက် ဈေးကွက်အ တွင်း ဝေဖန်မှုများ ရှိလာခဲ့ခြင်းဖြစ်သည် ဟု လုပ်ငန်းရှင် တစ်ဦးက ဆို သည်။ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌက တစ် ဒေါ်လာ ကျပ် တစ်ထောင် မဖြစ်သင့် ဘူးလားဆိုသည့် လွှတ်တော်၌ မေးခွန်း ထုတ်ပြီးနောက်ပိုင်း ဈေးတက် သွားခြင်း အပေါ်၌လည်း စီးပွားရေးလုပ်ငန်းရှင် အချို့က ထောက်ပြသည်။
၁၉၉ဝ ခုနှစ် ဗဟိုဘဏ်ဥပဒေဖြင့် ရပ်တည်နေသော ငွေရေးကြေးရေး အာ ဏာပိုင်အဖွဲ့အစည်းဖြစ်သည့် ဗဟို ဘဏ်အနေဖြင့် ကန်ဒေါ်လာ အတက် အကျကို ဆွဲတင် ဆွဲချပြုလုပ်ခွင့်မရှိပေ။အဂ
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) က မေလ နောက်ဆုံး ပတ်၌ မြန်မာ့ ဗဟိုဘဏ်သည် နိုင်ငံ ခြားငွေလဲလှယ်နှုန်းတွင် ပမာဏတစ် ရပ်ကို ရည်မှန်းချက်ထားကာ လုပ် ဆောင်ခြင်း မဟုတ်ဘဲ ငွေကြေးပေါက် ဈေးအတိုင်း သာလုပ်ကိုင်သတ်မှတ်ပေး ခြင်းဖြစ်ကြောင်းဖော်ပြခြဲ့
from Popular Myanmar News Journal
No comments:
Post a Comment