၂၃.၆.၂၀၁၃ရက်နေ ၁၄၂၅ အချိန် မရမ်းကုန်းမြို့နယ်၊
(၅)ရပ်ကွက်၊ ကမ္ဘာအေးဗီလာဝင်း တိုက်အမှတ် D ၊
(၃)လွှာ ရှိ ထိုင်းနိုင်ငံသားများဖြစ်သည့် Mr.CHALERM PONG၊
Mr. TERVH ၊ Mr. CHUMPHON ၊ Mr. CHATTHINAN CHITCHK နှင့်မလေးရှားနိုင်ငံသား MOHD ZAIDI ABBULLAH တို့နေထိုင်သည့် အခန်းအမှတ် (၃၀၂)တွင်

AIRCON SAFEGUARD အပူချိန်လွန်ကဲပြီး ၀ါယာရှော့ဖြစ်ကာ မီးခိုးများအူထွက်လာသဖြင့် မီးသတ်ယာဉ် (၁၅) စီး၊
အုပ်ချုပ်မှုယာဉ် (၄)စီး၊ အထောက်အကူပြုယာဉ်(၃)စီး တို့ဖြင့်ငြိမ်းသတ်ခဲ့ရာ၁၅၁၅အချိန် မီးငြိမ်း သွားခဲ့ပြီး
မီးလောင်မှုကြောင့် တန်ဘိုး(၅)သိန်းကျပ်ခန့်ဆုံးရှုံးခဲ့ သဖြင့်တိုက်ခန်းငှားရမ်းနေထိုင်သူ တိုက်ခန်းတာဝန်ခံ
ထိုင်းနိုင်ငံသား Mr.CHALERM PONG၊(၄၁)နှစ်၊
(ဘ)Mr.TAK DAM RONG KUL ၊ပတ်စပို့အမှတ်
AA-1498829၊ဗီဇာ EV(B)B-194907၊သက်တမ်း
၁၄.၆.၂၀၁၃မှ ၂၃.၈.၂၀၁၃အထိ၊ KANOKကုမ္ပဏီဝန်ထမ်း
အပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ) ၂၇၃/၂၀၁၃ ၊ပုဒ်မ-၂၈၅
့ဖြင့်အမှုဖွင့် အရေးယူထားရှိပါသည်။ အခင်းဖြစ်မီးလောင်ရာတွင်မီးငြိမ်းသတ်စဉ်
မြန်မာနိုင်ငံမီးသတ်ဌာနချုပ်မှ တပ်ကြပ်ထွန်းထွန်းမှာ မီးခိုးမွှန်၍သတိလစ်သွားသဖြင့် မြောက်ဥက္ကလာပဆေးရုံသို့
တင်ပို့ကုသလျက်ရှိကြောင်း သတင်း ရရှိပါသည်။
From Yangon Police
No comments:
Post a Comment