တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ China Power Investment (CPI)
ကုမ္ပ္ပ္ပဏီ သည် တရုတ်ပြည်သို့ရောက်ရှိနေသော ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လ င်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးဦးဆောင်သော အဖွဲ့ဝင်လေးဦးနှင့် ဇွန်လ ၆ ရက်ကတွေ့ဆုံခဲ့ကြောင်းသိရသည်။
ယင်းသို့တွေ့ဆုံရာတွင် ကုမ္ပဏီ တာဝန်ရှိသူများက မြစ်ဆုံ
ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာ
စံချိန်စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို
အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြခဲ့ကြကြောင်းသိရသည်။
ယင်းသို့ရှင်းလင်းပြောကြားခဲ့ရာတွင် ၈၈ မျိုးဆက်
( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုမြအေးက
မြစ်ဆုံဒေသသည် ကချင်တိုင်းရင်းသားတို့၏ အထင်ကရ၊ အမှတ်တရ (Landmark) နေရာဖြစ်ကြောင်း၊
ထို့ကြောင့် နိုင်ငံ့အရေး၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး
မြစ်ဆုံသည် အရေးကြီးသည့်နေရာဖြစ်ကြောင်း၊ ထို့ပြင် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမူ သမိုင်းပြယုဂ်
ဖြစ်သဖြင့် မြန်မာ တစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊
ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံ အထက်အောက်
ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရဆဲ ဖြစ်ကြောင်း၊ ယင်းကြောင့် ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ
ယဉ်ကျေးမူနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိက အရေးပါနေသည်ကို ထောက်ရှုသောအားဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း
ပြန်လည်တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။
from Popular Myanmar News Journal
ကုမ္ပ္ပ္ပဏီ သည် တရုတ်ပြည်သို့ရောက်ရှိနေသော
ယင်းသို့တွေ့ဆုံရာတွင် ကုမ္ပဏီ တာဝန်ရှိသူများက မြစ်ဆုံ
ရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတကာ
စံချိန်စံညွှန်းများနှင့် အညီ၊ ဒေသန္တရပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်ထားသည်များကို
အချက်အလက်များ ဓာတ်ပုံများဖြင့် ရှင်းလင်းပြောပြခဲ့ကြကြောင်
ယင်းသို့ရှင်းလင်းပြောကြားခ
( ငြိမ်းချမ်းရေးနှင့်ပွင့်လင
မြစ်ဆုံဒေသသည် ကချင်တိုင်းရင်းသားတို့၏ အထင်ကရ၊ အမှတ်တရ (Landmark) နေရာဖြစ်ကြောင်း၊
ထို့ကြောင့် နိုင်ငံ့အရေး၊ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး
မြစ်ဆုံသည် အရေးကြီးသည့်နေရာဖြစ်ကြောင်
ဖြစ်သဖြင့် မြန်မာ တစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊
ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံ အထက်အောက်
ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရဆဲ ဖြစ်ကြောင်း၊ ယင်းကြောင့် ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ
ယဉ်ကျေးမူနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိက အရေးပါနေသည်ကို ထောက်ရှုသောအားဖြင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လုံးဝရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း
ပြန်လည်တိုက်တွန်းပြောကြားခ
from Popular Myanmar News Journal
No comments:
Post a Comment