Sunday, June 2, 2013

မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခု ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၁၀၄၇၉ ဒသမ ၉၃ ထိ ကုန်သွယ်နိုင်ခဲ့၍ ၁၆ နှစ်အတွင်း အမြင့်ဆုံးဖြစ်




ထိုင်း-မြန်မာနယ်စပ် မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၁၀၄၇၉ ဒသမ ၉၃ ကုန်သွယ်မှု ပြုနိုင်ခဲ့ပြီး စတင်ဖွင့်လှစ်သည့် ၁၉၉၇ ခုနှစ်မှ ၁၆ နှစ်တာ ကာလအတွင်း ကုန်သွယ်မှုပမာဏ အမြင့်ဆုံး ကုန်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။


"စာရင်းဇယားတွေအရ ကြည့်မယ်ဆိုရင် ယခုနှစ် ကုန်သွယ်မှု ပြုနိုင်ခဲ့တဲ့ ပမာဏကတော့ ၁၆ နှစ်တာ ကာလအတွင်း အမြင့်ဆုံးပါပဲ။ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေ အနေနဲ့ အခွန်ရှောင်တဲ့ လမ်းကြောင်းက မသွားဘဲ အခွန်ဆောင်ရမယ်ဆိုတဲ့ အသိနဲ့ ဂုဏ်သိက္ခာရှိရှိ ကုန်သွယ်ကြမယ်ဆိုရင် ဒီထက်ပိုပြီး မြင့်တက်နိုင်ပါတယ်" ဟု မြ၀တီ ကုန်သွယ်ရေးဇုန် အကောက်ခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်းသုံးစွဲမှု ဈေးကွက်လိုအပ်ချက်အရ အခွန်နှုန်း မြင့်မားသည့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်နှင့် ဂျပန် Light Truck ကားများ တရားဝင် ကုန်သွယ်ခွင့် ပြုလိုက်ပြီးနောက် ကုန်သွယ်မှု ပမာဏမှာ ပိုမိုမြင့်တက် လာခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းအား မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားနှင့်အတူ ၁၇ လကြာ ယာယီပိတ်ထားခဲ့စဉ်က ကော့သောင်း၊ ရနောင်းဘက်မှ တင်သွင်းခဲ့သော ကုန်သည်များ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလုပ်သည့် ကုမ္ပဏီများ အနေဖြင့် ပြည်တွင်းဈေးကွက်သို့ ကုန်သွယ်မှု ပြုရာတွင် တိုတောင်းသည့် လမ်းကြောင်းဖြစ်ခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များမှ ကုမ္ပဏီများ လာရောက်အခြေချ လုပ်ကိုင်လာခြင်းကြောင့် ကုန်သွယ်မှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

FROM Eleven

No comments:

Post a Comment