Monday, June 24, 2013

တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့

Photo: တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့

ဇွန်လ ၂၄ ရက် ၂၀၁၃

တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့ရာ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၂၂ ကြိမ်ဖြင့် အများဆုံး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဇွန် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Myanmar Peace Center မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေနှင့် သတင်းမီဒီယာ သမားများ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် အခမ်းအနားမှ သတင်းရရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ပါဝင်သည့် အဖွဲ့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တောင်ကြီးမြို့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ပထမဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

RCSS သည် ယခင်အစိုးရ လက်ထက်ကတည်းကပင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရသစ် လက်ထက်ရောက်မှသာ ထိုသို့သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   

KNU အဖွဲ့သည် တတိယ အကြိမ်မြောက် အစိုးရနှင့် လက်မှတ်ရေးထိုးနိုင်သည့် အဖွဲ့ဖြစ်ပြီး လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှ လက်ရှိအချိန်ထိ ဆွေးနွေးမှု အကြိမ်ပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ရာ ပြည်ပတွင် (၁၀)ကြိမ် ပြည်တွင်းတွင် (၁၂) ကြိမ်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဦးလှမောင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် KNU အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

Eleven တစ်နှစ်ခွဲ ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၇၄) ကြိမ် ပြုလုပ်ခဲ့ရာ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ၂၂ ကြိမ်ဖြင့် အများဆုံး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဇွန် ၂၂ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Myanmar Peace Center မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေနှင့် သတင်းမီဒီယာ သမားများ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည့် အခမ်းအနားမှ သတင်းရရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ပါဝင်သည့် အဖွဲ့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် တောင်ကြီးမြို့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နှင့် ပထမဆုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

RCSS သည် ယခင်အစိုးရ လက်ထက်ကတည်းကပင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့သည့် အဖွဲ့ဖြစ်ပြီး အစိုးရသစ် လက်ထက်ရောက်မှသာ ထိုသို့သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် သဘောတူညီမှု ရရှိပြီးနောက်ပိုင်း နှစ်ဘက်တပ်များအကြား တိုက်ပွဲပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

KNU အဖွဲ့သည် တတိယ အကြိမ်မြောက် အစိုးရနှင့် လက်မှတ်ရေးထိုးနိုင်သည့် အဖွဲ့ဖြစ်ပြီး လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်မှ လက်ရှိအချိန်ထိ ဆွေးနွေးမှု အကြိမ်ပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ရာ ပြည်ပတွင် (၁၀)ကြိမ် ပြည်တွင်းတွင် (၁၂) ကြိမ်ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ဦးလှမောင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် KNU အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည့် တစ်ခုတည်းသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

from  Eleven

No comments:

Post a Comment