Saturday, June 8, 2013

"မြန်မာစာအသုံး မှန်ကန်ရေး မီဒီယာများတွင်တာဝန်ရှိ"


ယနေ့ခေတ် လူငယ်များ မြန်မာ စာအသုံးအနှုန်းအပြောအဆို မှန်ကန် စေရေးအတွက် မီဒီယာများတွင် ပို၍ တာဝန်ရှိသည်ဟု ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)က ပြောသည်။”တစ်နိုင်ငံလုံးက စံပြုရတဲ့ မြန်မာ့ အသံလို ရုပ်မြင်သံကြားတွေ၊ ရေဒီယို တွေ၊ အရေးကြီးတဲ့ အဖွဲ့အစည်းတွေက ပြောဆိုသုံးနှုန်းတာတွေ မှန်ဖို့အရေးကြီး တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ် တွေက အဲဒီလူတွေရဲ့စကားတွေကို မျက်ခြည်မပြတ် နားထောင်နေတာဆို တော့ အပြောအဆိုမှန်ကန်ဖို့လိုတယ်” ဟု ပြောသည်။

ယနေ့ခေတ် လူငယ်များသည် မြန် မာစာ၊ မြန်မာစကားအပြောအဆိုအရေး အသားပို၍ မှားယွင်းလာကြပြီး ယင်းကဲ့ သို့ အမှားအယွင်းနည်းစေရန်အတွက် အသံလွှင့်ဌာနများ၊ သတင်းစာနှင့် ဂျာ နယ်များ၊ အရေးကြီးအဖွဲ့အစည်းများမှ ပြောဆိုရေးသားထားသည်များကို နား ထောင်ဖတ်ရှု၍ ယင်းကဲ့သို့ အတုယူ၍ ပြောဆိုကြသည့်လူငယ်များ အမှားအ ယွင်းနည်းစေရန်အတွက် အလေးထား သင့်ကြောင်း ၎င်းကပြောသည်။

မြန်မာစာပေ အရေးအသား အ ပြောအဆိုနှင့်ပတ်သက်၍ ယခင်က ရုပ် မြင်သံကြားအစီအစဉ် တင်ဆက်သူများ ကို သင်တန်းပေးသည်ဟု ကြားဖူးပြီး ယင်းကဲ့သို့ သင်တန်းပေးခြင်းကြောင့် ၎င်းတို့၏ အသံအနေအထား အပြောအ ဆိုမှန်ကန်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။ ၎င်းအပြင် လွှတ်တော်၌ ပြောဆိုသုံးနှုန်းကြသည့် အသုံးအနှုန်း များသည်လည်း မှားယွင်းမှုရှိနေသည် ဟု ဆက်ပြောသည်။

”လွှတ်တော်မှာဆိုရင်လည်း ‘မေး ခွန်းတွေကို ဖြေပါ့မယ်’လို့ ပြောရမှာ။ ဒါဗမာစကားပဲ လူတိုင်းသိပါတယ်။ သူ တို့ ပြောတာက ‘မေးခွန်းအားကျွန်တော် မှဖြေပါ့မယ်’လို့ ပြောတယ်။ အဲဒီလို ‘အား’တွေ’မှ’တွေကို မလိုဘဲ ထည့်ပြော နေတာတွေ့ရတယ်။ သူတို့ကိုယ်တိုင် လည်း သတိမထားမိလို့ မှားတာပေါ့”ဟု ဆရာကြီးက ပြောသည်။ယင်းကဲ့သို့ မြန်မာစကားအပြော အဆို အသုံးအနှုန်း မှားယွင်းနေသည့်လူ များသည် အသက်သုံးဆယ်အောက် လူ ငယ်လူလတ်ပိုင်းများဖြစ်ပြီး ယင်းကဲ့သို့ မှားယွင်းနေသည့်ကိစ္စသည် ဟိုယခင် ကကဲ့သို့ မိဘအုပ်ထိန်းသူများက အိမ် တွင် အသင်အပြ အားနည်းလာခြင်း၊ ကျောင်းများတွင်လည်း အားနည်းချက် များရှိလာခြင်းနှင့် မီဒီယာများကလည်း မြန်မာစာနှင့်ပတ်သက်သည့် သင်တန်း တက်ရောက်သင်ကြားမှု၊ လေ့လာမှု အားနည်းလာခြင်းများ ရှိသကဲ့သို့ ခံယူ သည့် လူငယ်များအနေဖြင့်လည်း လေ့ လာသင်ယူမှုနည်းလာသည်ဟု ဆရာ မောင်ခင်မင်(ဓနုဖြူ)က ဆိုသည်။

မြန်မာစာအပြောအဆိုအသုံးအ နှုန်းများနှင့်ပတ်သက်၍ ယနေ့လူငယ် များအတွက် ဆွေးနွေးပွဲများ၊ သင်တန်း များ၊ ဟောပြောပွဲများပြုလုပ်ပေးခြင်း မီဒီယာများနှင့် အရေးကြီးအဖွဲ့အစည်း များကိုလည်း သင်တန်းပေးခြင်းများ ပြုလုပ်သင့်ကြောင်း၊ အထူးသဖြင့် အများ ပြည်သူများကို ပျံ့နှံ့စေသည့်နေရာများ တွင် ပို၍အရေးကြီးကြောင်း ၎င်းက ဆိုသည်။
from Popularb Myanmar News Journal

No comments:

Post a Comment