Saturday, June 8, 2013

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဗုဒ္ဓစွယ်တော်ပွား ၃ ဆူ မြို့လေးမြို့၌ လှည့်လည်အပူဇော်ခံမည်


 


တရုတ်-မြန်မာချစ်ကြည်ရေး အစီအစဉ်အရ တရုတ်နိုင်ငံဗုဒ္ဓဘာသာအသင်းမ
ပေးပို့လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော်ပွား သုံးဆူအား မူဆယ်၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်စသော
မြို့ကြီးလေးမြို့၌ လှည့်လည်အပူဇော်ခံသွားမည်ဟု သာသနာရေးဝန်ကြီးဌာနမှ သိရသည်။


တရုတ်ဗုဒ္ဓဘာသာအသင်းအနေဖြင့် အဆိုပါ ဗုဒ္ဓစွယ်တော်ပွားစေတီသုံးဆူအား တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့နှင့်
အခြားမြို့များတွင် ပူဇော်နိုင်ရန်အတွက် သာသနာ ရေးဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁ဝ ရက်နေ့တွင်
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ၄င်းစွယ်တော်ပွားစေတီတော်သုံးဆူအား
မူဆယ်ရှိ ဂျယ်ဂေါမနောကွင်းအတွင်း တစ်ရက်တာအပူဇော်ခံထားရှိမည်ဖြစ်ပြီး
ဇွန်လ ၁၁ ရက်နေ့မှစတင်၍ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ လှည့်လည်အပူ ဇော်ခံသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။
from Popular Myanmar News Journal

No comments:

Post a Comment