အင်္ဂါ နေ့က ပြီးဆုံးခဲ့သော ဗြိတိန် ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်အတွင်းတွင် မြန်မာ့တပ်မတော်နှင့် ဗြိတိန်တပ်မတော် ပူးပေါင်းဆောင်ရွက်မည့် လေ့ကျင့်ရေးအစီအစဉ်များနှင့
ဗြိတိန်ကာကွယ်ရေးဦးစီးချုပ်
ယခင်စစ်အစိုးရလက်ထက်တွင် ဗြိတိန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပိတ်ဆို့ကန့်သတ်မှုများပြုလု
နိုင်ငံရေး ဝေဖန်သုံးသပ်သူများကမူ မြန်မာတပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်တပ
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ကြေညာချက်တစောင်ထုတ်ပြန်ရာတ
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sir David Richards သည် သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်သာမက မြန်မာစစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင
ဗိုလ်ချုပ်ကြီး Sir David Richards က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် စစ်တပ်၏ ကူညီ ထောက်ပံ့မှု ပေးနိုင်မှု နှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်း
ဗြိတိန်နိုင်ငံသည် အမေရိကန် နိုင်ငံကဲ့သို့ပင် မြန်မာနိုင်ငံကို ယခင်စစ်အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့သည့်အတိ
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn က ဗိုလ်ချုပ်ကြီး Sir David Richards ၏ ခရီးစဉ်သည် အလွန်အောင်မြင်သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး Sir David Richards ၏ ခရီးစဉ်သည် ငြိမ်းချမ်းရေးဖော်ဆောင်မှုမ
ထို့ပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သတိနှင့်ယှဉ်သော စစ်တပ်ချင်း ဆက်သွယ်မှုကို အားတက်သရော ထောက်ခံခဲ့သည်ဟု သူကဆိုသည်။
ဘီဘီစီ သတင်းဌာန သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင်လည်
ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ်၏ ခရီးစဉ်အပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ
နှစ်ပေါင်း ၆၀ ကျော် ဗြိတိသျှ ကိုလိုနီ အဖြစ် နေထိုင်ခဲ့ဖူးသော မြန်မာပြည်၏ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေး စနစ် ပြုပြင်ပြောင်းလဲရေး ဗြိတိသျှ၏ ကူညီမှုသည် ထူးခြားချက်တရပ်ဖြစ်သည်။
မြန်မာ့ တပ်မတော်သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အကူအညီဖြင့် ဖွဲ့စည်းခဲ့သော်လည်း စစ်ကြီးအပြီး ပြန်ဖွဲ့စည်းရာတွင် ဗြိတိသျှတို့၏ ထောက်ခံကူညီမှုကို ရယူခဲ့ရသည်။
ဗြိတိသျှ- မြန်မာ ကာကွယ်ရေး သဘောတူညီချက် (လက်ျာ-ဖရီးမင်း စာချုပ်) အရ ဗြိတိသျှ တပ်များ မြန်မာပြည်က ပြန်လည်ထွက်ခွာရာ စစ်ရေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးခဲ့ပြီး ဗြိတိန်တွင် စစ်ပညာသင်ခွင့်ကိုလည်း ပေးခဲ့သည်။ စစ်လက်နက်များလည်း ဈေး သက်သက်သာသာဖြင့် ၀ယ်ယူနိုင်စေရန်လည်း သဘောတူခဲ့သည်။
သို့သော် လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလအတွင်း စစ်လက်နက်ပစ္စည်း ၀ယ်ယူမရဟု သမိုင်းမှတ်တမ်းများက ဆိုသည်။
၁၉၅၀ ပြည့်နှစ်ကျော် ဗြိတိသျှ စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းများကို မြန်မာ့ တပ်မတော် စစ်အရာရှိများဖြစ်သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူးဟောင်း ဦးသောင်းကြည်၊ ၀န်ကြီးချုပ်ဟောင်း သူရ ဦးထွန်းတင်၊ ဗိုလ်မှူးကြီး သောင်းထိုက်၊ ဗိုလ်မှူးကြီး ၀ီလီ မောင်မောင်၊ ရေတပ် ဦးစီးချုပ်ဟောင်း ဦးချစ်လှိုင်တို့ တက်ရောက်ခဲ့ကြဖူးသည်။
နောက်ပိုင်း အမေရိကန် စစ်ဘက်နှင့် ပိုမိုဆက်သွယ်လာသောကြောင့် ဗြိတိသျှနှင့် စစ်ရေး ဆက်ဆံရေး မရှိသလောက်နီးပါး ဖြစ်ခဲ့သည်။
သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အုပ်ချုပ်ရေးပိုင်းကို တိုးတက်အောင် လုပ်ဆောင်ပေးမည်ဆိုခြင်းသည်
ခရီးစဉ်အတွင်းတွင် ရန်ကုန်မြို့အပြင်ဖက် ထောက်ကြံ့ ရှိ ဓနသဟာယ စစ်သင်္ချိုင်းသို့လည်း ဗိုလ်ချုပ်ကြီး Sir David Richards သွား ရောက် အလေးပြုခဲ့သည်။ အဆိုပါစစ်သင်းချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာ စစ်မြေပြင်တွင် ဂျပန်နှင့် တိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် သောင်းနှင့်ချီသော မဟာမိတ်တပ်သားများကို မြှုပ်နှံထားသည်။ ဗိုလ်ချုပ်ကြီး Sir David Richards ၏ ဖခင်သည်လည်း အဆိုပါတိုက်ပွဲကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဗြိတိန်သံရုံးက ပြောသည်။
(The Associated Press ၏ UK military chief discusses Myanmar training link ကို နိုင်မင်းသွင် ဘာသာပြန်ဆိုချက်နှင့် ဧရာဝတီ အကြီးတန်း သတင်းထောက် ရန်ပိုင်၏ သတင်းပေးပို့ချက်တို့ကို ပူးပေါင်းတင်ပြသည်)
from ဧရာဝတီ
No comments:
Post a Comment