Saturday, June 8, 2013

"အသက် ၆၆ နှစ်ရောက်မှ မိန်းမတစ်ဦး၏ လက္ခဏာများ ပြောင်းလဲနေသူ ဟောင်ကောင် အမျိုးသား "


အသက် ၆၆ နှစ် အရွယ်ရှိ ဟောင်ကောင် နိုင်ငံသား တစ်ဦးသည် ဝမ်းဗိုက် ရောင်ရမ်းသဖြင့် ဆရာဝန် သွားပြခဲ့ရာမှ ၄င်းသည် မိန်းမ တစ်ဦးကဲ့သို့ လက္ခဏာ များ တွေ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်း သိရသည်။
ဆရာဝန်များသည် ၄င်းအား စစ်ဆေး ကြည့်ရှုခဲ့ရာ အဆိုပါ ရောင်ရမ်းနာမှာ သားအိမ်ပေါ်၌ ပြည်တည်အိတ် အကြီးစားတစ်ခု ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ဟောင်ကောင် ဆေးပညာ ဂျာနယ်၏ အဆိုအရ သိရသည်။
အဆိုပါ ရောဂါမှာ မျိုးဗီဇ မူမမှန်သည့် ရောဂါ တစ်မျိုးဖြစ်ပြီး ၄င်း၌ မိန်းမ တစ်ဦးတွင် တွေ့ရသည့် လက္ခဏာများ အပြင် ယောက်ျား တစ်ဦး၏ လက္ခဏာ ကို လည်း တွေ့နေရသေးကြောင်း သိရ သည်။

၎င်း၏ အရပ်မှာ ၄ ပေ ၅ လက်မ ဖြစ်ပြီး မိဘမဲ့ ဂေဟာ၌ ကြီးပြင်းလာသူ ဖြစ်ကာ ငယ်စဉ် ကတည်းက ဆီးမခိုင်သူ တစ်ဦး ဖြစ်ပြီး အသက် ဆယ်နှစ် အရွယ် တွင် ကြီးထွား မှု ရပ်တန့်ခဲ့ကြောင်း သိရ သည်။
၎င်းသည် ကျားဟော်မုန်း ဓာတ်များ ပုံမှန်ပြန်ဖြစ်စေရန် သတိပြုကုသသွား မည်ဟု ဆိုကြောင်း အဆိုပါ ဂျာနယ်၏ အဆိုအရ သိရသည်။
အမျိုးသားများ၌ X ခရိုမိုဆုမ်း နှင့် Y ခရိုမိုဆုမ်း ရှိပြီး အမျိုးသမီး အများစု၌ Y ခရိုမိုဆုမ်း တစ်စုံရှိကြောင်း၊ အဆိုပါ အမျိုးသား ကဲ့သို့ ရောဂါလက္ခဏာ ခံစား ရသူများ သည် Y ခရိုမိုဆုမ်း တစ်ခုသာရှိ ကြောင်း သိရသည်။
from Popular Myanmar News Journal

No comments:

Post a Comment