2014 AFC Women's Championship ဖိုင်နယ်ပွဲစဉ်များကို မူလက သြစတြေးလျနှင့်
ဗီယက်နမ်တို့ အပြိုင်လျှောက် ထားရာမှ သြစတြေးလျနိုင်ငံ နှုတ်ထွက်သွားသဖြင့်
ဗီယက်နမ်ကအလိုအလျောက်
အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။အာရှအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကျင်းပခွင့်ရသည့်ဗီယက်နမ်အနေဖြင့် နောက်ဆုံးအဆင့် ပွဲစဉ်များကို ဟိုချီမင်းမြို့တွင် ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ လက်ခံကျင်းပမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့မှ ယခုနှစ် ဇွန်လဆန်းတွင် ပြိုင်ပွဲအား သတ်မှတ် စံနှုန်းနှင့်အညီ လက်ခံ ကျင်းပနိုင်ခြင်း ရှိမရှိ လာရောက် စစ်ဆေးမည်ဖြစ်သည်။၂၀၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်များအား အသင်း(၈)သင်းဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊သြစတြေးလျ စသည့်အလိုအလျောက်ပါဝင်ကစားခွင့်ရထားသည့်အသင်းများနှင့်အတူ
ယခုရက်ပိုင်းအတွင်း ခြေစစ်ပွဲ အောင်မြင်ထားကြသည့်အရှေ့တောင်အာရှ ၃ သင်းဖြစ်သည့် မြန်မာ၊ ထိုင်း၊ဗီယက်နမ်နှင့် အုပ်စု(က)ခြေစစ်ပွဲအောင်
မည့် အသင်းများမှာလည်း အာရှထိပ်ဆုံး ၅ သင်းစာရင်းဝင်ရန် အခွင့်အရေးရှိနေကာအဆိုပါပြိုင်ပွဲမှအဆင့်၁၊၂၊၃၊၄၊၅အသင်း ငါးသင်းသည် ကနေဒါနိုင်ငံတွင်ကျင်းပမည့် ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်(တားမြစ်ဆေးသုံးစွဲ၍ ကစားခွင့်ပိတ်ပင် ခံထားရသည့် မြောက်ကိုရီးယားအသင်းနေရာကို အစားထိုးရန်လည်းကိုယ်စီ ကြိုးပမ်းလျက် သည်။)
ယင်းသို့ ယှဉ်ပြိုင်ကစား မည့်အာရှအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာအသင်း(၄)သင်းပါ အုပ်စုနှစ်ခုမှ (ပ+ဒု)နှစ်သင်းစီ ဆီမီးဖိုင်နယ်၊ဖိုင်နယ်ပွဲစဉ်များကစားရမည်ဖြစ်ကာ
အုပ်စုပထမနှင့်အုပ်စုဒုတိယအသီသီးရရှိသည့်အသင်း၎သင်းအပြင်
အုပ်စုတတိယ နှစ်သင်းမှာအဆင့်၅အသင်းသတ်မှတ်နိုင်ရန်Play-Off တစ်ပွဲထပ်မံကစားပြီး၂၀၁၅ကမ္ဘာ့ဖလားဝင်ခွင့်တစ်နေရာကိုလုကြရမည်ဖြစ်သည်။
from Popular Journal

No comments:
Post a Comment