ဘ၀နတ်ထံပျံလွန်သွားသည်မှာ နှစ်ပေါင်း(၆၀)ကျော်ခဲ့ပြီဖြစ်ေ
ယနေ့တိုင်မည်သည့် ဆေးဝါးအကူအညီမျှမပါ မပုပ် မသိုးဘဲ ပကတိအတိုင်းရှိနေသည့် စွန်းလွန်းဆရာတော်ဘုရားကြီး ဦးက၀ိ ရုပ်ကလာပ်တော်နှင့်ပတ် သက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အထူး ကြည်ညိုစိတ်ဝင်စားကြသကဲ့သို့
ပြည်ပနိုင်ငံများမှ ဧည့်သည်များ ကလည်း ဆရာတော်ကြီး၏ မပုပ် မသိုးရုပ်ကလပ်တော်အား အထူး စိတ်ဝင်စားကြောင်း စွန်းလွန်းဂူကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
““ဆရာတော်ကြီးက သက်တော်(၇၅) ၀ါတော်(၂၈)မှာ ပျံလွန်တော်
မူခဲ့တာပါ။လက်ရှိဒီမှာထားရှိ ပူဇော်တာကတော့ နှစ် (၆၀)ကျော်ပါပြီ။
အနယ်နယ်အရပ် ရပ်က လူတွေ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်ဖူးမျှော် ကြည်ညိုကြသလို ပြည်တွင်းက ခရီးသွား
ကုမ္ပဏီတွေရဲ့အစီအစဉ် နဲ့မြင်းခြံကိုရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေကလည်း ဆရာ တော်ကြီးရဲ့မပုပ်မသိုးတဲ့ ရုပ်က လာပ်တော်ကို အံဖွယ်တစ်ခုလို အရမ်းစိတ်ဝင်စားကြပါတယ်””
ဟု စွန်းလွန်းကျောင်းတာဝန်ရှိသူ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြော ကြားသွားသည်။
ဆရာတော်ကြီး၏ ရုပ်က လာပ်တော်အား လာရောက်လေ့ လာသည့် UK နိုင်ငံသား မစ္စတာ ဘင်းဒရစ်အားHot News သတင်းထောက်က ဆရာတော် ကြီးရုပ်ကလပ်နှင့်ပတ်သက်၍မေး မြန်းကြည့်ရာ ““ထူးခြားတဲ့အံ့သြ ဖွယ်ရာတွေ ကမ္ဘာမှာအများကြီး ရှိပါတယ်။အဲဒီထဲကမှ မြန်မာပြည် မှာက သဘာဝနဲ့ဆန့်ကျင်တဲ့ သူ တော်စင်၊သူတော်မြတ်တွေရဲ့ဆေး အကူအညီမပါတဲ့၊မပုပ်တဲ့ရုပ်က လာပ်တွေ အံ့သြဖွယ်ရာ တွေ့ရ ပါတယ်။ဒီလိုမျိုးတွေကိုကျွန်တော
စွန်းလွန်းဆရာတော်ဘုရား ကြီးအား အဘဦးသန့်၊အမိဒေါ်တုတ်တို့မှ
မြန်မာသက်္ကရာဇ် ၁၂၃၉ ခုနှစ် တပေါင်းလဆန်း(၂)ရက်၊ တနင်္လာနေ့နံနက်(၃)နာရီတွင် ဖွားမြင်ခဲ့ပြီး သာသနာ့ဘောင်သို့ ၀င်ပြီးနောက် ၁၂၈၂ခုနှစ် ၀ါဆို လပြည့်ကျော် (၁၃)ရက်၌ ပထမ တရားထူး၊၁၂၈၂ခုနှစ် ၀ါခေါင်လ ပြည့်ကျော်(၁၃)ရက်၌ ဒုတိယ တရားထူး၊၁၂၈၂ခုနှစ် တော်သလင်း လပြည့်ကျော် (၁၃)ရက်၌
တတိယ တရားထူးနှင့် ၁၂၈၂ခုနှစ် သီတင်းကျွတ်လပြည့် (၁၃)ရက်၌ စတုတ်္ထတရားထူးများကို ရရှိတော် မူခဲ့ပြီး ၁၃၁၄ခုနှစ် ကဆုန်လပြည့်
ကျော်(၉)ရက် စနေနေ့ ညနေ (၄း၄၅)အချိန်၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့သည်။
ခန့်ခန့်(ဒဿနိက)
Hot News

from Hot News
No comments:
Post a Comment