အင်ဒိုနီးရှား နိုင်ငံမှာ ကျားလိုက်လို့ သစ်ပင်ပေါ်မှာ ရက်အတော်ကြာ ပိတ်မိနေတဲ့ လူ ၅ ဦးကို ကယ်ထုတ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တိရိစ္ဆာန် စိတ် ညို့တတ်သူတွေကို ဆူမားထရားကျွန်းက အဲဒီ တောထဲကို စေလွှတ်ပြီး ကျားတွေကို တခြားနေရာဆီ မျှား ခေါ်သွားစေ ကာ၊ လူတွေကို ကယ်ထုတ် ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။
အဲဒီ လူတွေဟာ တောထဲမှာ သစ်မွှေး ရှာရာ ကနေ ကျားပေါက်လေး တကောင်ကို မတော်တဆ သတ်မိသွားလို့၊ တခြားကျားကြီးတွေက သူတို့ ကို လိုက်လံ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
လူ ၆ ယောက်မှာ တယောက် ကတော့ သစ်ပင်ပေါ် တက်မမီခင် ကျားကိုက် လို့ သေဆုံးသွားခဲ့ပါတယ်။
from BBC

No comments:
Post a Comment