ရေလွမ်းမိုးမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လယ်ဧက သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ကြောင်းသတင်းရရှိ
ရခိုင်ပြည်နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့်
ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ နေရာ အတော် များများတွင်
ရေများပြည့်လျှံခဲ့ပြီး အထူးသဖြင့် စပါးခင်းများပျက်စီးခဲ့ရကြောင်းလည်း ဒေသခံများထံမှ သိ ရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို.နယ်နှင့်
... ကျောက်တော်မြို.နယ်တို.တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်
လယ်မြေဧက ၃ သောင်းကျော်ရေနစ်မြုတ်ခဲ့ကြောင့် ကျောက်တောမြို.နယ်
သရက်တပင်ကျေးရွာမှ လယ်သမားတဦးဖြစ်သူ ဦးကျော်နိုင်မှ ပြောကြားခဲ့ပါ သည်။
“ မိုးတအားရွာတော့ သရီချောင်းတလျောက်လုံးမှာရှိတဲ့
ကျောက်တော်နဲ့ မြောက်ဦးက လယ်မြေ သုံးသောင်းကျော်လောက် နစ်မြုတ်ခဲ့ရတယ်၊ခု
နစ်မြုပ်ခဲ့တဲ့ လယ်တွေမှာ ပြန်ပီးပျိုးပြန်စိုက်နေရတယ်”ဟု
ဦင်္းကျော်နိုင်မှ ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် မြောက်ဦးမြို.နယ်အတွင်း
အိုးထိန်းကျေးရွာ၊ကျီရာပြင်ကျေးရွာ၊သပြေကန်ကျေးရွာ၊အောက်သားကန်စတဲ့ကျေးရွာတွေအပြင်
ကျောက်တော်မြို.နယ်အတွင်း မဟာမုနိကျေးရွာ၊သရက်တပင် စတဲ့ ကျေးရွာတွေမှာ
နေအိမ်တွေအပြင် လယ်ဧက များစွာလည်း ရေလွမ်းမိုးမှုဒဏ်ကို ခံခဲ့ရကြောင်း
သိရသည်။ အလားတူစွာပင် အမ်းမြို့နယ်အတွင်း လည်း ရေကြီးမှုများကို
ရင်ဆိုင်ခဲ့ရပြီး တခြားမြို့နယ် များဖြစ်သော မင်းပြား၊ နှင့်
ဘူးသီးတောင်၊မောင်တောမြို့နယ်များတွင်လည်း စပါးစိုက်ခင်းများစွာ ပျက် စီးခဲ့ ကြောင်းသိရသည်။
ယခင်နှစ်များက ယခုကဲ့သို. မိုးမကြီးသည့်အတွက် ရေကြီးမှုကို မခံခဲ့ရဘဲ
ယခုနှစ်တွင် ရေလွမ်းမိုးမှုကြောင့် စပါးခင်းများ ရေကျော်မှုဒဏ်ကို
ခံခဲ့ကြရပြီး လယ်သမားများ ငွေကြေးဆုံးရှုံးမှုနှင့် စပါးအထွက်
နည်းမှုများကို လည်း ရင်ဆိုင် တွေကြုံနိုင်ကြောင်း လယ်သမားများမှ ပြောသည်။
စပါးအထွက်နုန်းကျဆင်းပါက လယ်သမားများအတွက်များစွာနစ်နာ
ဆုံးရှုံးလာမည်ဖြစ်ပြီး စိုက်ပျိုးရာ သီ အကုန်တွင်
ပြန်လည်စိုက်ပျိုးပါကလည်း မျိုးစပါးနှင့်ကုန်ကျငွေများပါ
ပိုမိုကုန်ကျလာမည်ဖြစ်ရာ လယ် သမားအတွက် များစွာ
စိုးရိမ်စရားများဖြစ်လာနိုင်ခြေရှိကြောင်းလည်း ဒေသခံများက ပြောပါသည်။
from RSV
No comments:
Post a Comment