ယမန်နေ့က လူ (၄၀)အား ဖမ်းဆီးခေါ်ဆောင်သွားသော KIA အဖွဲ့သည် ဇူလိုင် ၆ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် ပယင်းမှော်သို့ ရောက်ရှိလာပြီး ကျောက်ရှာဖွေလုပ်ကိုင်သူ (၁၅)ဦးအား လူသစ်အဖြစ် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း ၎င်းမှော်ရှိကျောက်ရှာဖွေသူများထံမှ သိရသည်။
“ ဟိုတစ်နေ့ကပဲ လူ (၄၀) ဖမ်းသွားတယ်၊ အခုလည်း လာပြီး လူ (၁၅) ယောက်ထပ်ဖမ်းသွားပြန်ပြီ၊ အသက် (၁၈) နှစ်နဲ့ (၄၀) ကြား ယောင်္ကျား တွေကို ရွေးပြီး ဖမ်းသွားတာ၊ လူသစ်စုတာနေမှာပေါ့၊ အရင်နေ့က လူ (၄၀) ကတော့ လယ်ဧက (၅၀)မှာ လယ်ထွန်နေရတယ်လို့ သတင်းပြန်ကြားတယ်၊ အခု (၁၅) ယောက်ကတော့ စစ်သင်တန်းတက်ရမယ်လို့ ပြောပြီး ခေါ်သွား တာ၊ ကချင်လွတ်လပ်ရေးတပ်က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ထားပြီး သားဆို၊ အခုလိုဒေသခံတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတာ သူတို့လူကြီး တွေက ဘာမှမပြော တော့ဘူးလား၊ ငြိမ်းချမ်းရေးယူလည်း ဒီပုံစံပါပဲ၊ အရင်က ထက်တောင် လုပ်ကိုင်စားရတာ ပိုဆိုးနေသေးတယ်၊ ဒေသခံတွေ အပေါ် ဒီလောက်အနိုင်ကျင့်နေတာ ဘယ်သူမှ ကူညီ ဖြေရှင်းမပေးကြဘူး၊ အဲဒီလို လွတ်ပေး ထားလို့ကတော့ ဒေသခံလူငယ်တွေအကုန်လုံး ကချင်စစ်တပ်ထဲ ရောက်ကုန် တော့မှာ၊ မိသားစုကို ရှာကျွေးမယ့်လူတောင် ကြာရင်ရှိမှာ မဟုတ်တော့ဘူး ” ဟု ကျောက်ရှာဖွေနေသူ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြခဲ့သည်။
KIA အဖွဲ့၏ တရားဥပဒေမဲ့အနိုင်ကျင့် လူသစ်စု၊ အတင်းအဓမ္မ အလုပ်စေခိုင်းနေမှုများကြောင့် တနိုင်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ကျောက်ရှာဖွေသူ လက်လုပ်/လက်စား အချို့နှင့် ဈေးရောင်းသူ အချို့မှာ ၎င်းပယင်းမှော်သို့ ၀င်/ထွက် သွားလာမှု နည်းပါးလာခဲ့ကြောင်း မြို့ခံအချို့၏ ပြေပြချက်အရ သိရှိရပါသည်။
from Kachin Daily News
No comments:
Post a Comment