စင်ကာပူအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီအဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ြ
အဆိုပါစက်ရုံကို TiongSeng Holdings Limited က ပိုင်ဆိုင်သော Robin Village Development ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော High Tech Concrete Technology Co.,Ltd. က ၅၅ ရာခိုင်နှုန်းနှင့် Sin Mian Development Pte.Ltd. က ၁၅ ရာခိုင်နှုန်း အသီးသီးအချိုးကျ ပိုင်ဆိုင်ကြမည် ဖြစ်သည်။
ယင်းစက်ရုံမှ ပထမဆုံးထုတ်လုပ်မည့် ပစ္စည်းများကို အစိုးရက အကောင်အထည် ဖော်နေသော အိမ်ရာစီမံကိန်းများတွင် အ သုံးပြုသွားနိုင်ရန် မျှော်လင့်နေကြောင်း စင်ကာပူ မီဒီယာအ ချို့က ဖော်ပြကြသည်။
“Precast Components တွေက ဒီမှာတော့ နည်းနည်းစိမ်းတာပေါ့။ နိုင်ငံတ ကာမှာတော့ အသုံးတွင်ကျယ်နေပြီ။ ကုန်ကျစရိတ်ရော လုပ်အားရော အ များကြီးသက်သာတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးတစ်ဦးက မှတ်ချက်ပေးသည်။
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပုံသွင်းကွန်ကရစ် ပစ္စည်းများသည် အဆောက်အအုံ ဆောက်လုပ်ရာတွင် ကွန်ကရစ်ဖျော်ရည် အသုံးမပြုဘဲ တစ်စချင်းစီ တပ်ဆင်၍ တည်ဆောက်နိုင်စေရန် ကြိုတင် ပြုလုပ်ထားသော နံရံများ၊ အမိုးများ အစရှိသည့် အစိတ်အပိုင်းများ ဖြစ်သည်။
from The Voice
No comments:
Post a Comment