Wednesday, July 31, 2013

"လယ်တီပဏ္ဍိတဦးမောင်ကြီး မွေးရပ်မြေ ညောင်ဖြူပင်ရွာတွင် စာပေဟောပြောပွဲ ကျင်းပမည်"

မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာ သည် လယ်တီပဏ္ဍိတဦးမောင်ကြီး မွေး ဖွားရာ ဇာတိဖြစ်သောကြောင့် လယ်တီပဏ္ဍိတဦးမောင်ကြီးအား ဂုဏ်ပြု သောအားဖြင့် ညောင်ဖြူပင်ကျေးရွာ ဓမ္မိကာရုံကျောင်းတိုက်အတွင်း ရှိ ဓမ္မာရုံကြီးတွင် သြဂုတ်လ(၁၀/၁၁)ရက်နေ့ညများတွင် စာပေဟောပြောပွဲ များ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ညောင်ပင်ဖြူပင်ရွာ ဒေသခံတစ်ဦး ထံမှသိရှိရပါသည်။
"(၁၀)ရက်နေ့ညမှာ အကြည်တော် နှင့် ဦးဘုန်း(ဓါတု) တို့ကဟောပြောကြ မှာပါ ၊ (၁၁)ရက်နေ့ညမှာ အော်ပီကျယ် နှင့် မောင်သာချို တို့ကဟောပြော ကြမှာဖြစ်ပါတယ်။"လို့ ညောင်ဖြူပင်ရွာသားတစ်ဦးကဆိုပါတယ်။
ညောင်ဖြူပင်ကျေးရွာတွင် လယ်တီပဏ္ဍိတဦးမောင်ကြီးအား ဂုဏ်ပြုသော အနေဖြင့် ကပ်ကျော်ဘုန်းတော်ကြီးကျောင်းအတွင်းတွင်လည်း
မောင်ကြီးတို့ရွာစာကြည့်တိုက် အမည်ဖြင့် စာကြည့်တိုက်တစ်ခုဖွင့်လှစ်ထား ရှိကြောင်းသိရပါသည်။
from ThanlarWaddy Times

No comments:

Post a Comment