မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကုသနေသော တေးသံရှင်ဆိုတေးမှာ
၁၄.၇.၁၃နေ့ညနေ ၄နာရီခွဲအထိ သတိရခြင်းမရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင်အဆိုတော် ဆိုတေး တောင်သာမြို့သို့
ပွဲဆိုဖို့သွားစဉ် ကားဘီးပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါအမျိုးသမီးမှာသေဆုံးသွားကြောင်း
သတင်းရရှိသည်။
မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံးပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းသန်းဝင်းလှိုင်အပါအ၀င် ဆိုတေး(ခ)အောင်
သက်ပိုင်(၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင်ကုသစဉ်သေဆုံးသွားကြောင်းသိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့
ဒဏ်ရာသာရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့်အခြေနေရှိကြောင်း သိရသည်။
ယာဉ်မောင်းသန်းဝင်လှိုင်မှာ သတိရလာပြီဖြစ်သော်လည်းတေးသံရှင် ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်းမရှိသေးကြောင်း
သိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
from Popular Myanmar News Journal
No comments:
Post a Comment