
အမေရိကန် ၊ ပြင်သစ် ၊ စပိန် အပါအ၀င် ပြည်ပ ၁၅ နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ရဟန်း သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း ၈၀ ဦးတို့က ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ထေရ၀ါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ပညာဆည်းပူး ကြမည်ဟု သာသနာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယခင်နှစ်က ပညာသင်ယူခဲ့ပြီး ဒီပလိုမာဘွဲ့ ရရှိခဲ့သူ ၅၈ ဦးအား အောင် လတ်မှတ် အပ်နှင်းခြင်း နှင့်အတူ ယခုနှစ် သင်တန်းသား သစ်တို့အား ကြိုဆိုပွဲကို ဇူလိုင်လ ၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ ထေရ၀ါရ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တစ်ပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့ သည်။
from Popular Myanmar News Journal
No comments:
Post a Comment