ကချင်ပြည်နယ်နှင့် ပတ်သက်သည့် အရေးကိစ္စများ ဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုစည်းပြီး ကချင်
ပြည်နယ်ဆိုင်ရာကိစ္စရပ်များကို မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ယင်းပွဲကို စီစဉ်သူ ငြိမ်းဖောင်ဒေးရှင်း
အဖွဲ့ဝင် ဒေါ်ဂျာနန်က မဇ္ဈိမကို ပြောသည်။
တွေ့ဆုံ ဆွေးနွေးမည့်ရက်မှာ ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက် တွေ့ဆုံမည် ဖြစ်သည်။ ယင်းပွဲတွင် KIO, KIA မှ တာဝန်ရှိသူများ လာရောက်မည် ဟုတ်မဟုတ် ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေါ်ဂျာနန်က “ကချင် ပြည် နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီး ဆွေးနွေးသွားကြမှာပါ။ အသေးစိတ် ဘာကို ဆွေးနွေးမယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဒေါ်ဂျာနန် ကဆက်လက်ပြောကြားသည်။ ကချင်ပြည်နယ် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်
ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစံပါယ်ဖြူက
“ကချင်ပြည်နယ်ရဲ့သဘာဝ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေ၊ ကချင် ပြည်နယ်
ငြိမ်းချမ်းရေးလုပ်ငန်းတွေကို တွေ့ဆုံ ဆွေးနွေးသွားမယ်”ဟု ပြောသည်။
ကချင်ပြည်နယ်တွငှု်ဥနှင့် မြန်မာ အစိုးရတို့ နှစ်နှစ်ခန့်စစ်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မေလကုန်ပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်လည်း သဘောတူခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုများ လျှော့ချခြင်းနှင့် တိုက်ပွဲ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်။
ကချင်ပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည် ဦးရေမှာလည်း တစ်သိန်းကျော်ရှိ နေသည်။
from မဇ္ဈိမ
ပြည်နယ်ဆိုင်ရာကိစ္စရပ်များကို မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ယင်းပွဲကို စီစဉ်သူ ငြိမ်းဖောင်ဒေးရှင်း
အဖွဲ့ဝင် ဒေါ်ဂျာနန်က မဇ္ဈိမကို ပြောသည်။
တွေ့ဆုံ ဆွေးနွေးမည့်ရက်မှာ ဇူလိုင်လ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက် တွေ့ဆုံမည် ဖြစ်သည်။ ယင်းပွဲတွင် KIO, KIA မှ တာဝန်ရှိသူများ လာရောက်မည် ဟုတ်မဟုတ် ဆိုသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဒေါ်ဂျာနန်က “ကချင် ပြည် နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ အားလုံးကို ခြုံငုံသုံးသပ်ပြီး ဆွေးနွေးသွားကြမှာပါ။ အသေးစိတ် ဘာကို ဆွေးနွေးမယ် ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဒေါ်ဂျာနန် ကဆက်လက်ပြောကြားသည်။ ကချင်ပြည်နယ် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်
ကချင်ပြည်နယ်တွငှု်ဥနှင့် မြန်မာ အစိုးရတို့ နှစ်နှစ်ခန့်စစ်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် မေလကုန်ပိုင်းက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်လည်း သဘောတူခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှုများ လျှော့ချခြင်းနှင့် တိုက်ပွဲ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းရန်တို့ကိုလည်း ဆွေးနွေးခဲ့သည်။
ကချင်ပြည်နယ် အတွင်း စစ်ဘေးဒုက္ခသည် ဦးရေမှာလည်း တစ်သိန်းကျော်ရှိ နေသည်။
from မဇ္ဈိမ
No comments:
Post a Comment