Wednesday, July 10, 2013

"အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်"

Photo: "အီရန်ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်"

ဇူလိုင်လ ၉ ရက် ၂၀၁၃

အီရန်နိုင်ငံသည် တနင်္လာနေ့က စတင်ကာ (၅)ရက်ကြာ ရေတပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေကြောင်း သိရှိရသည်။ အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိကြီး တစ်ဦးက ကက်စ်ပီယန် ပင်လယ်အတွင်းတွင် အပြည့်အဝ စစ်ရေးလေ့ကျင့်မှုကို ရေတပ်က စတင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ 

#Sustainable #Security 92 ဟု အမည်ရသော စစ်ရေးလေ့ကျင့်မှုသည် အီရန်၏ ရေပိုင်နက်တွင် ပြုလုပ်ခဲ့ပြီး အက်စ်တာရာ၊ နော့ရှရား၊ ဘန်ဒါအန်ဇာလီ ဆိပ်ကမ်းများတွင် စပ်ယှက် ဆောင်ရွက်ခဲ့ကြောင်း မြောက်ပိုင်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးမှူး ခေါ်ဒက် ဟာကီမီက သတင်းထောက်များထံ ပြောဆိုသွားသည်။

ဟာကီမီက အီရန်အနေဖြင့် ရေတပ်၏ စစ်ရေး စွမ်းဆောင်မှုကို မြှင့်တင်ရန်အတွက် ယခုစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းဟု ဆိုသည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အရပ်သား သင်္ဘောများအတွက် လုံခြုံရေး ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုတိုင်းအတွက် ဆိပ်ကမ်းများတွင် အရေးပေါ် ပြင်ဆင်မှုများကိုပါ ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အီရန်သည် (၂၀၀၉)ခုနှစ်က ရုရှားနှင့် ပူးပေါင်းကာ ကက်စ်ပီယန် ပင်လယ်တွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့သည်။

Planet Myanmar Network 
 အီရန်နိုင်ငံသည် တနင်္လာနေ့က စတင်ကာ (၅)ရက်ကြာ ရေတပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေကြောင်း သိရှိရသည်။ အီရန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိကြီး တစ်ဦးက ကက်စ်ပီယန် ပင်လယ်အတွင်းတွင် အပြည့်အဝ စစ်ရေးလေ့ကျင့်မှုကို ရေတပ်က စတင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

‪#‎Sustainable‬ ‪#‎Security‬ 92 ဟု အမည်ရသော စစ်ရေးလေ့ကျင့်မှုသည် အီရန်၏ ရေပိုင်နက်တွင် ပြုလုပ်ခဲ့ပြီး အက်စ်တာရာ၊ နော့ရှရား၊ ဘန်ဒါအန်ဇာလီ ဆိပ်ကမ်းများတွင် စပ်ယှက် ဆောင်ရွက်ခဲ့ကြောင်း မြောက်ပိုင်း စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးမှူး ခေါ်ဒက် ဟာကီမီက သတင်းထောက်များထံ ပြောဆိုသွားသည်။

ဟာကီမီက အီရန်အနေဖြင့် ရေတပ်၏ စစ်ရေး စွမ်းဆောင်မှုကို မြှင့်တင်ရန်အတွက် ယခုစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းဟု ဆိုသည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အရပ်သား သင်္ဘောများအတွက် လုံခြုံရေး ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုတိုင်းအတွက် ဆိပ်ကမ်းများတွင် အရေးပေါ် ပြင်ဆင်မှုများကိုပါ ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အီရန်သည် (၂၀၀၉)ခုနှစ်က ရုရှားနှင့် ပူးပေါင်းကာ ကက်စ်ပီယန် ပင်လယ်တွင် ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့သည်။

from Planet Myanmar Network

No comments:

Post a Comment