ပြီးခဲ့သည့် နှစ်သုံးဆယ်ကျော် ကာလအတွင်း ပုပ္ပါးတောင် ဥယျာဉ်တွင် မျောက်မျက်ကွင်းဖြူ ၂၅ ကောင် ရှိခဲ့သော်လည်း ယင်းမျိုးစိတ်များကို
လူမှုအဖွဲ့အစည်းများ၏ ထိန်းသိမ်းမှု ပြုလုပ်ခဲ့ရာ ငါးနှစ်တာ ကာလအတွင်း
ကောင်ရေ ၁၅၀ အထိ တိုးပွားခဲ့ကြောင်း သိရသည်။ ယခုလက်ရှိ အချိန်၌
တစ်ရာဝန်းကျင်သာ ရှိတော့ကြောင်း၊ ပြန်လည်ထိန်းသိမ်းရန် လိုအပ်နေပြီ
ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်း၏ ပြောပြချက်များအရ သိရသည်။''ရှားပါးတဲ့ သားငှက် တောရိုင်း တိရစ္ဆာန်တွေက နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ထိန်းသိမ်း စောင့်ရှောက်သင့်တဲ့ ဧရိယာတွေဟာ အတော်လေးကို ပျက်စီးနေပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတော် အစိုးရကိုလည်း ကျွန်တော်တို့ တင်ပြထားပါတယ် '' ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။
ကမ္ဘာ့မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တိရစ္ဆာန်များ ထိန်းသိမ်းရေး လုပ်ငန်းများတွင် အမြန်ဆုံး ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှား သူများ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံတွင်သာ ကျန်ရှိနေသည့် ကမ္ဘာ့မျိုးသုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသော သားငှက်တိရစ္ဆာန်များကို ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများမှ ထိန်းသိမ်း စောင့်ရှောက်မှုများကို အဓိက ပြုလုပ်လျက်ရှိပြီး ယခုနောက်ပိုင်းတွင် နိုင်ငံအစိုးရကပါ ပါဝင်လုပ်ဆောင် လာသော်လည်း ထိန်းသိမ်းမှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
from Eleven
No comments:
Post a Comment