Wednesday, July 31, 2013

ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ်များပျက်စီး

... ၃၁.၇.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန်မှ ၁၇၁၀ အချိန်ထိ ကွမ်းခြံကုန်း
မြို့နယ်၊ သောင်ခုံကျေးရွာ အရှေ့ပိုင်း၌ လေဆင်နှာမောင်း
တိုက်ခတ်ခဲ့မှုကြောင့် ဓနိမိုးဓနိကာဝါးခင်းနေအိမ်(၆)လုံး ပြိုကျ
ပျက်စီးခဲ့ပြီး နေအိမ်(၁၀)လုံးမှာ အမိုးများလန်ကာ ပျက်စီးခဲ့ပါသည်။

ပြိုကျသည့်နေအိမ်များအနက်မှ ဦးစန်းဝင်းနိုင်၏နေအိမ်ပြိုကျစဉ်
၎င်း၏ဇနီး မတင်နွယ်ဝင်း၊ ၂၅ နှစ်(ဘ)ဦးစိန်ထွန်းမှာ ထိခိုက်မိ၍ ဦးခေါင်းဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါသည်။

ပြိုကျခဲ့သောနေအိမ်များနှင့် အမိုးပျက်စီးခဲ့သောနေအိမ် (၁၆)လုံးမှ မိသားစုများအား ၎င်းကျေးရွာရှိ နီးစပ်ရာဆွေမျိုးများနေအိမ်တွင်
နေရာချထားပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ နှင့် တာဝန်ရှိသူ
တို့မှ လိုအပ်သောအကူအညီများဆောင်ရွက်ပေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
from Yangon Police

No comments:

Post a Comment