Monday, July 15, 2013

အာဆီယံ-အမေရိကန် ဆက်ဆံရေးတွင် မြန်မာနိုင်ငံမှ ညှိနှိုင်းရေး တာဝန်ခံအဖြစ် သုံးနှစ်ဆောင်ရွက်မည်



အမေရိကန်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့အကြား ဆက်ဆံရေးအတွက် မြန်မာနိုင်ငံမှ ညှိနှိုင်းရေး တာဝန်ခံအဖြစ် သုံးနှစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အာဆီယံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောကြားသည်။

"အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေးမှာ မြန်မာက ညှိနှိုင်းရေး တာဝန်ခံအဖြစ် သုံးနှစ်တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံနဲ့ ဆွေးနွေးဆက်ဆံတဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေက တာဝန်ခံရပါတယ်။ ဒါ့အပြင် အမေရိကန် ကလည်း သူ့ရဲ့အစိုးရပိုင်း အပြောင်းအလဲတွေ ရှိလာသလို အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ် ဆိုတာကို အာဆီယံ နိုင်ငံတွေရှေ့မှာ ပြောခဲ့ပါတယ်" ဟု ဦးအောင်လင်းက ပြောကြားသည်။

ထို့ပြင် အမေရိကန်နှင့် အာဆီယံနိုင်ငံတို့အကြား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမှုများ ပြုလုပ်လေ့ရှိသော်လည်း ထိပ်သီးဆွေးနွေးမှု အနေဖြင့် တစ်ခါမှပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ သို့သော်လည်း ပထမအကြိမ် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို ယခုနှစ်အတွင်း ဘရူနိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဘရူနိုင်းနိုင်ငံ၌ အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် အာဆီယံထိပ်သီး အစည်းအဝေးကို ကျင်းပမည် ဖြစ်သည်။

from  Eleven Media Group

No comments:

Post a Comment