I-Phone က လူသတ်လိုက်ပြီ
တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ်
အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က
အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်ဖုန်းပြောခဲ့ပြီး
ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။
ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင်
ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍
အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး
ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
No comments:
Post a Comment