မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကာလအတွင်း ပြည်ပ ဧည့်သည်များနှင့် အားကစားသမား များ ဆက်သွယ်မှု အဆင်ပြေစေရန်အတွက် နေပြည်တော်တွင် Ytalk Calling Center များ ထားရှိမည်ဖြစ်ကြောင်း VMG Telecoms ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးအောင်မင်းသိန်းက ပြောကြားသည်။
နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများနှင့် ဘောလုံးကွင်းများ အနီးတွင် Ytalk Calling Centre များ ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“SEA Gamesမှာ မြန်မာနိုင်ငံက ပထမဆုံး ဒီဝန်ဆောင်မှု စမှာ” ဟု ၎င်းက ဆိုသည်။
“ဒီမှာက ပြည်ပနဲ့ အပြန်အလှန် Roaming မရတော့ အဲဒီအစီအစဉ်က အဆင်ပြေမယ် ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစား အရာရှိ တစ်ဦးဖြစ်သူ ဦးသန်းဦးက မှတ်ချက်ပေးသည်။
လက်ရှိတွင် Ytalk on the road အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ သို့ အင်တာနက် မလိုဘဲ အခမဲ့ ဖုန်းခေါ်ဆိုခြင်းကို ရွေ့လျား မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့တွင်း ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ တစ်လ အခမဲ့ ခေါ်ဆိုခွင့် ပြုပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
from The Voice Weekly
No comments:
Post a Comment