သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်ဥက္ကဌတာဝန် လွှဲပြောင်းရယူ
...
မြန်မာနိုင်ငံသမိုင်းမှာ ခေတ်အဆက်ဆက် အစိုးရတွေဟာ
နိုင်ငံတော်တိုးတက်ရေးနဲ့ နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့
ဆောင်ရွက်ခဲ့ပေမယ့် ရည်မှန်းချက်အတိုင်းဖြစ်မလာပဲ နိမ့်ပါးနောက်ကျ
ကျန်ရစ်ခဲ့တာဖြစ်ကြောင်း ဒီနေ့စတင်ပြီး ပြည်ထောင်စု လွှတ်တော်နာယကအဖြစ်
တာဝန်ထမ်းဆောင်တဲ့ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်လွှဲပြောင်းယူတဲ့အခမ်းအနားမှာ သူရဦးရွှေမန်းက အခုလိုပြောခဲ့ပါတယ်။
ဒါ့အပြင် ဒီကနေ့လွှတ်တော်ဟာ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အမှန်တကယ်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်း အခုလို သူရဦးရွှေမန်းက ပြောပါတယ်။
"ကာလအတော်ကြာ ဒီမိုကရေစီကျင့်သုံးနိုင်မှု မပြုနိုင်ခြင်းမှာလည်း လွှတ်တော်များမရှိတာကြောင့်ဖြစ်ပါတယ်၊
လွှတ်တော်များရှိခဲ့သော ကာလတွင်လည်း လက်ညှိးထောင်ခေါင်းညိမ့်
မည်ကာမျှဖြစ်ပြီး လွှတ်တော်များသည် ပြည်သူများအား
ကိုယ်စားမပြုနိုင်ခဲ့တာကို သတိပြုရမှာဖြစ်သလို၊ ကနေ့လွှတ်တော်များသည်
ပြည်သူများကို ကိုယ်စားပြုသလို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊
ပြည်သူများ၏ လိုအပ်ချက်များကို သိရှိခံစားပြီး ပြည်သူများအတွက် အမှန်တကယ်
ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်"
ဒီကနေ့ကျင်းပတဲ့ ပထမအကြိမ်
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း
တက်ရောက်ခဲ့ပါတယ်။
from RFA
No comments:
Post a Comment