Saturday, April 19, 2014

ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လမ်းလယ်ကျွန်းနှင့် လမ်းကူးရန် စောင့်နေသူ(၂)ဦးကို တိုက်မိခဲ့၍ (၁)ဦးသေဆုံး

၁၉.၄.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း အတိုင်း (၈)မိုင်ဘက်မှ သမိုင်းလမ်းဆုံဘက်သို့ ယာဉ်မောင်း မျိုးမင်း၊ (၃၃)နှစ်၊ (ဘ)ဦးလှသွင်၊ ဗဟန်း မြို့နယ်နေသူ
မောင်းနှင်လာသော ၂ဓ/---- တိုယိုတာဟိုင်းလတ် ဆာ့ဖ် အနက်ရောင်
ကိုယ်ပိုင်ယာဉ် သည် ကျိုက်ဝိုင်းဘုရားအနီးအရောက် လမ်းလယ်ကျွန်းနှင့် အလှဆင်သစ်ပင်များအား ၀င်ရောက် တိုက်မိပြီး လမ်းလယ်ကျွန်းပေါ်တွင် လမ်းကူးရန်စောင့်နေသော မရမ်းကုန်းမြို့နယ်နေ မအေးသူဇာဝင်းနှင့်
တောင်ဥက္ကလာပမြို့နယ်နေ မ၀င်းမြတ်သန္တာမြင့်တို့(၂)ဦးကို ၀င်ရောက်

တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကျွန်းနှင့် အလှဆင်သစ်ပင်များပျက်စီးပြီး ယာဉ်တိုက်ခံရသူ မအေးသူဇာဝင်းတွင် ယာနားထင်ဖူးရောင်ပေါက်ပြဲ၊ ၀ဲ/ယာဒူးပွန်းပဲ့၊ ၀ဲခြေမစုတ်ပြဲဒဏ်ရာများ၊ မ၀င်းမြတ်သန္တာမြင့်တွင် ၀ဲ/ယာနားပေါက်ပြဲသွေးထွက်၊ ၀ဲတံတောင်ဆစ်ပွန်းဒဏ်ရာရရှိကာ ရန်ကုန် ဆေးရြုံ့ကီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များအဖြစ် တက်ရောက်
ကုသနေစဉ် မအေးသူဇာဝင်းမှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံး
သွားခဲ့ပါသည်။

ယင်းသို့ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း မျိုးမင်းအား ဘုရင့်နောင်နယ်မြေရဲစခန်း ယာဉ်(ပ) ၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police

No comments:

Post a Comment