Wednesday, April 16, 2014

ရကစားမဏ္ဍပ်၌ မီးစက်ဆီဖြည့်စဉ် အင်ဂျင်အပူရှိန်ကြောင့်မီးလောင်မှုဖြစ်

၁၅.၄.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဗညားဒလ လမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ သင်္ကြန်မောင်မယ် ရေကစားမဏ္ဍပ်၌ အသုံးပြုသောမီးစက်အား ကျော်မိုးနှင့် မင်းကိုလတ်တို့မှဆီဖြည့်စဉ် အင်ဂျင်အပူရှိန်ကြောင့်(၁)ပေခန့်မီးညွန့်တက်၍ မီးတောက်လောင်ခဲ့ရာ မီးသတ်ဆေးဘူးများဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပါသည်။

ထိုသို့မီးလောင်မှုဖြစ်ပွားစဉ် ဆီဖြည့်သူကျော်မိုး၏ ၀ဲလက်ဖမိုးတွင် မီးလောင်
ဒဏ်ရာ၊ မင်းကိုလတ်တွင် ၀ဲခြေသလုံးမီးဟပ်၊ ယာဘက်လက်ဖျံအပူလောင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာများအဖြစ် ဆေးကုသမှု
ခံယူခဲ့ရပါသည်။

ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကျော်မိုး၊ (၄၃)နှစ်၊ (ဘ)ဦးကျော်သောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူနှင့် မင်းကိုလတ်၊ (၃၆)နှစ်၊ (ဘ)ဦးအေးကို၊ တာမွေမြို့နယ်နေသူတို့(၂)ဦးကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၂၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/၃၃၇ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment