Wednesday, April 23, 2014

ကျွဲ၊ နွားများ တရားမ၀င်သယ်ဆောင်လာသော စက်လှေတစ်စီး ဖမ်းဆီးရမိ

၂၃.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၆)သည်မြန်မာ့
ပင်လယ်ပြင်ရေပိုင်နက်အတွင်း စစ်ဆင်ရေးတာဝန် ဆောင်ရွက်နေစဉ်
မြောက်လတ္တီတွတ် (၁၆ ဒီဂရီ ၅ မိနစ်)နှင့် အရှေ့လောင်ဂျီတွတ်
(၉၆ ဒီဂရီ ၁၅ မိနစ်)အရောက် မသင်္ကာဖွယ်စက်လှေ(၁)စီး ဖြတ်သန်း
မောင်းနှင်သွားသည်ကို တွေ့ရှိသဖြင့် စစ်ဆေးရန်ခေါ်ယူခဲ့သော်လည်းမောင်းနှင်ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးခဲ့ရာရန်ကုန်မြို့၏
တောင်ဘက် မိုင်(၄၀)ခန့်အကွာ မြောက်လတ္တီတွတ်(၁၆ ဒီဂရီ ၁၄ မိနစ်)
နှင့် အရှေ့လောင်ဂျီတွတ် (၉၆ ဒီဂရီ ၁၁ မိနစ်)တွင်ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိစက်လှေအား စစ်ဆေးရာ “ကျော်ဇောလင်း ၉၀၀” အမည်ရှိ သစ်သားကိုယ်ထည်စက်လှေဖြစ်ပြီး ၎င်းစက်လှေပေါ်တွင်ကော့မှူးမြို့နယ်၊
ညောင်ပင်သာကျေးရွာနေ သိန်းဦး၊ (၄၂)နှစ်၊ (ဘ)ဦးလှကျင် ပါ(၇)ဦးတို့မှ ကျွဲအရှင်(၁၇)ကောင်၊ အသေ(၃)ကောင်၊ နွားအရှင်(၃၈)ကောင်၊ အသေ (၂)ကောင်တို့အား တရားမ၀င်သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ယင်းကဲ့သို့ ကျွဲ၊ နွားများအားတရားမ၀င်သယ်ဆောင်လာသူသိန်းဦးပါ(၇)ဦး
တို့ကို အရေးယူပေးရန် တပ်ကြပ်ကြီး/၁၃ အောင်ရွှေ(ကမ်းခြေစောင့်
တိုက်ရေယာဉ်-၁၆၄)မှ တိုင်တန်းချက်အရ ဆိပ်ကမ်းမြို့မ ရဲစခန်း(ပ)၁၀၇/၂၀၁၄၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment