ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၉ ရပ်ကွက်
အောင်ဇေယျလမ်းမဘေးရှိ ဝဲပြန်ဘုန်းကြီး ကျောင်းတိုက်ရှေ့၌ ဧပြီ-၁၄-ရက်
ညနေ-၅-နာရီ ၅၀မိနစ်အချိန်ခန့် က ဘာဘူ(ခ)ရဲဝင်းလှိုင်- ၂၈-နှစ်
(ဘ)ဦးတင်လှိုင်(ဗုဒ္ဓ/ဗမာ) ဈေးရောင်းအမှတ်-၆-ဗန္ဓုလလမ်း-၁၀-ရပ်ကွက်နေသူနှင့်
မျိုးမင်းအောင်-၂၀-နှစ် (ဘ)ဦးသန်းမြင့်-၉-ရပ်ကွက်နေသူတို့နှစ်ဦး
ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ မျိုးမင်းအောင်က ခါးကြားတွင် အသင့်ပါလာ သော
ချွန်ထက်သောအရာဖြင့် ထိုးသဖြင့် ဘာဘူ(ခ)ရဲဝင်းလှိုင် တွင်
ဝဲဘက်နို့အုံအောက်ထိုးသွင်းဒါဏ်ရာ-၁-ချက်
ဝဲခါးထိုးသွင်းဒါဏ်ရာ-၁-ချက်နှင့်ယာနား lနှာ ခေါင်းတို့ တွင်
ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရှိခဲ့ကြောင်း ဒါဏ်ရာရှိသူ
ဘာဘူ(ခ)ရဲဝင်းလှိုင်မှာ ဒါဏ်ရာအနည်းငယ်ပြင်းထန်သဖြင့်
သုံးခွပြည်သူ့ဆေးရုံမှ ရန်ကုန် ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍
ဆေးကုသမှုခံယူစေခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍
သုံးခွမြို့မရဲတပ်ဖွဲ့စခန်းမှ
(ပ)၁၄၄/၂၀၁၄lပြစ်မှုပုဒ်မ-၃၂၆-အရအမှုဖွင့်လှစ်၍ တရားခံ မျိုးမင်းအောင်အား
ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
MOI Webportal Myanmar
MOI Webportal Myanmar
No comments:
Post a Comment