၁.၄.၂၀၁၄ ရက်နေ့ ၁၆၀၅ အချိန် မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းမကြီး
အတိုင်း ရွှေပြည်သာမြို့နယ်ဘက်မှ မှော်ဘီမြို့နယ်ဘက်သို့ ယာဉ်မောင်း ဦးသာအောင်၊(၅၀)နှစ်၊ (ဘ)ဦးလူချစ်၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်
လာသော ၄ခ/---- ဒိုင်နာ အငှားယာဉ်သည် သဲဖြူကျေးရွာ၊ မိုင်တိုင်အမှတ်
(၇/၇)အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ဘေးရှိသစ်ပင်
အား ၀င်ရောက်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးပြီး ယာဉ်မောင်း ဦးသာအောင်တွင် ယာပါးပွန်းစုတ်၊ ၀ဲမျက်ခုံးကွဲ၊ လည်ပင်းနာကျင်ဒဏ်ရာ
များရရှိကာ ယာဉ်ပေါ်ပါခရီးသည် ခရမ်းမြို့နယ်နေ ဦးမောင်မောင်တွင် ယာမျက်ခွံစုတ်ပြဲ၊ ၀ဲရင်ဘတ်စုတ်ပြဲ၊ ၀ဲလက်မောင်းစုတ်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မှော်ဘီမြို့နယ်ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး
သို့ တင်ပို့ကုသခဲ့ရာ ဦးသာအောင်မှာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်
လည်းကောင်း၊ ဦးမောင်မောင်မှာ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် လည်းကောင်း ကုသခဲ့ရပါသည်။
ထိုသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဦးသာအောင်ကို
မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ
ပါသည်။
Yangon Police

No comments:
Post a Comment