Friday, April 25, 2014

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များ ဆွေးနွေး

Photo: ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များ ဆွေးနွေး

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းက ဆေးရုံကြီးပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် လိုအပ်မည့် အစီအမံများ၊ ပြောင်းရွှေ့မည့် လူနာဆောင်များ၊ ဆေးရုံပြုပြင်မည့် နည်းစနစ်များ၊ ကုန်ကျစရိတ်များ စသည့်ကိစ္စရပ်များကို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဆေးရုံကြီးပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာကျော်မြင့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ဟောင်းနှင့် လက်ရှိဆေးရုံအုပ်များ၊ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၀၁၃ ခုနှစ် ဧပြီအတွင်းကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် UK ကျန်းမာရေး ၀န်ကြီးဟောင်းဖြစ်သူ Mr.Lord Darzi တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင်ရန်အတွက် ဗြိတိန်မှအကူအညီများ ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် Mr.David Cameron နှင့် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၀န်ကြီး Ms. Justine Greening က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန် ပြည်လမ်းမပေါ်ရှိ ယခင်စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နေသည်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီး မကြာမီဆေးရုံကြီးရှိ ဌာနအချို့ကို ရွှေ့ပြောင်းနေရာချထား ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အအုံ ဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မဆောင်ကို လက်ရှိနေရာတွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေညီထပ်အပါအ၀င် လေးထပ်အဆောက်အအုံဖြစ်ပြီး ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေသိန်း ၄၀ ကျော် ကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ၅၄၆ ခုတင်ဆံ့ အဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကို လည်းကောင်း ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိပြီး ဆေးရုံကြီးတွင် အထူးပြုဘာသာရပ် ဆိုင်ရာဌာန ၂၇ ခု၊ အရေးပေါ်လူနာ လက်ခံဌာနခုနစ်ခုရှိကြောင်း သိရသည်။  

(ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင် (၁-၂) ရှေ့တွင် လူနာစောင့်များကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))
(ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင် (၁-၂) ရှေ့တွင် လူနာစောင့်များကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))
  ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၅ ရက် နံနက်ပိုင်းက ဆေးရုံကြီးပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် လိုအပ်မည့် အစီအမံများ၊ ပြောင်းရွှေ့မည့် လူနာဆောင်များ၊ ဆေးရုံပြုပြင်မည့် နည်းစနစ်များ၊ ကုန်ကျစရိတ်များ စသည့်ကိစ္စရပ်များကို ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ဆေးရုံကြီးပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာကျော်မြင့်၊

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ဟောင်းနှင့် လက်ရှိဆေးရုံအုပ်များ၊ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၀၁၃ ခုနှစ် ဧပြီအတွင်းကလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် UK ကျန်းမာရေး ၀န်ကြီးဟောင်းဖြစ်သူ Mr.Lord Darzi တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အဆင့်မြှင့်တင်ရန်အတွက် ဗြိတိန်မှအကူအညီများ ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် Mr.David Cameron နှင့် ဗြိတိန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၀န်ကြီး Ms. Justine Greening က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန် ပြည်လမ်းမပေါ်ရှိ ယခင်စွမ်းအင်ဝန်ကြီးဌာန ရုံးဟောင်းကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့ဆောင်အဖြစ် ပြင်ဆင်ဆောင်ရွက်နေသည်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီး မကြာမီဆေးရုံကြီးရှိ ဌာနအချို့ကို ရွှေ့ပြောင်းနေရာချထား ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အအုံ ဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မဆောင်ကို လက်ရှိနေရာတွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေညီထပ်အပါအ၀င် လေးထပ်အဆောက်အအုံဖြစ်ပြီး ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေသိန်း ၄၀ ကျော် ကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အပြီးတွင် ၅၄၆ ခုတင်ဆံ့ အဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကို လည်းကောင်း ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိပြီး ဆေးရုံကြီးတွင် အထူးပြုဘာသာရပ် ဆိုင်ရာဌာန ၂၇ ခု၊ အရေးပေါ်လူနာ လက်ခံဌာနခုနစ်ခုရှိကြောင်း သိရသည်။ 

EMG

No comments:

Post a Comment