Wednesday, April 16, 2014

ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာတွင် ဘုရားပင့်လာသောယာဉ်အား ၀ိုင်းရိုက်မှုဖြစ်ပွား

ဒေါ်ကြည်ဝင်း (၆၄)နှစ် ()ဦးကျော်အုန်း၊ ဗမာ/ဗုဒ္ဓ၊ လှဇင်းတောင်ကျေးရွာ၊ သနပ်ပင်မြို့နယ်နေသူ သည် ၈ဂ/၉၃၅၈ အဖြူရောင် တောင်းအေ့စ်ယာဉ်အား သားဖြစ်သူ ရွှေသိန်း (၃၂)နှစ် ()ဦးကျင်ရွှေ အား မောင်းနှင်စေပြီး ယာဉ်ပေါ်တွင် သန်းလွင်၊ သက်ဖြိုးဦး၊ ကိုနိုင်သက်၊ ကိုနိုင်၊ စိုးနိုင်တို့လိုက်ပါလျက် ဘုရားပင့်ဆောင်ကာ သနပ်ပင်မြို့မှ ရန်ကုန်မြို့သို့ထွက်ခွါလာစဉ် ၁၅--၂၀၁၄ ရက်နေ့ နေ့လည်(၁၂း၄၀) အချိန်တွင် ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာထိပ်ရေကစားမဏ္ဍပ်အရောက်၌ ရေမပက်ရန်နှင့်
ဘုရားပင့်ဆောင်လာကြောင်း ပြောဆိုတောင်းပန်သော်လည်းမရဘဲ ရွှေသိန်းအား ကား ပေါ်မှဆွဲချကာ လက်သီးဖြင့်ထိုး၊ ခဲများဖြင့်ဝိုင်းဝန်းပစ်ခတ်သဖြင့် ကားပေါ်မှဆင်းပြေးခဲ့ရာ ကမာနတ်ရွာနေ ဇော်ဇော်၊ မင်းမင်း၊ ဟန်နုကျော်နှင့်အပေါင်းပါများမှ အရှည်()တောင်ခန့်ရှိ သံတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်သဖြင့် ရွှေသိန်းနှင့် သန်းလွင်တို့တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ကိုနိုင်သက်လွင်တွင် ၀ဲပုခုံးဖူးရောင်နာကျင်ဒဏ်ရာ၊ သက်ဖြိုးဦးတွင် ၀ဲလက်မောင်းဖူးရောင်နာကျင်ဒဏ်ရာ၊ စိုးနိုင်တွင် ယာလက်မောင်း ဖူးရောင်နာကျင်ဒဏ်ရာ၊ ကိုနိုင်တွင် ယာမေးဖျားပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့သည့် အပြင် ၈ဂ/၉၃၅၈ ယာဉ်၏ ရှေ့လေကာမှန်ကွဲပြီး ဘုရားကျောင်းဆောင်ပျက်စီးခဲ့သဖြင့် ပဲခူးမြို့မရဲစခန်း ()၂၄၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၂၅/၄၂၇/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း 
 သတင်းရရှိ သည်။
Thant zin
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ

No comments:

Post a Comment