Friday, April 25, 2014

ကလေးသူငယ်များ အကျိုးစီးပွားအတွက် တိုက်ခိုက်မှုရပ်ဆိုင်းပေးရန် KIA နှင့်အစိုးရသို့ ယူနီဆက်တောင်းဆို


 
 ပြည်တွင်းမှာရှိသော ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် နှစ်ဖက် စလုံး၏တိုက်ခိုက်မှုကို ရပ်
ဆိုင်းပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ဧပြီ ၂၂ရက်နေ့က မေတ္တာရပ်ခံလိုက်သည်။

ဧပြီလဆန်းမှ စတင်ကာ ကချင်ပြည်နယ်အတွင်း တစ်ကျော့ပြန်၍ ခပ်စိပ်စိပ်ဖြစ်လာနေသည့် တိုက်ပွဲ
များကို ယင်းအဖွဲ့က ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲများကြောင့် ကလေးသူငယ်
တစ်သောင်းခန့် အပါအဝင် ထောင်ပေါင်းများစွာသော ပြည်သူတို့ ¤င်းတို့၏ ယာယီစခန်းများ မှအခြား

နေရာသို့ပြောင်းရွှေ့နေခဲ့ကြရ သည်ဟုအကြောင်းပြချက်ပေးခဲ့သည်။

ထို့အပြင် ဒေသခံပြည်သူများစွာ ဒုတိယအကြိမ် လမ်းမပေါ်တွင် နေထိုင်ခဲ့ရသည်မှာတစ်နှစ်ကျော်ကြာ
မြင့်နေသည်ဟု ၄င်းတို့ကထုတ်ဖော်ပြောသည်။

ယူနီဆက် မြန်မာ၏ ဌာနေကိုယ် စားလှယ် မစ္စတာ ဘက်ထရန်ဘိန်လ် ဘယ်က ''တိုက်ပွဲသစ်တွေဖြစ်
ပွားမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် မိသားစုတို့ ရွှေ့ပြောင်းနေထိုင်မှုကြောင့် စိတ်ချရသည့် ရေ
ကောင်းရေသန့်နှင့် အိမ်သာရရှိမှု လျော့ကျသွားသည့်အတွက် ကလေးတွေအပေါ် ဘေးအန္တရာယ် ကျ
ရောက်မှုတွေ မြင့်တက်နေပါ တယ်''ဟု ပြောသည်။

လက်ရှိတွင်အစိုးရတပ်နှင့် KIAတို့တိုက်ပွဲဖြစ်ပွားမှု အရှိန်အနည်းငယ်လျော့ကျသွားသော်လည်း အခြေ
အနေမှာ တင်းမာနေဆဲဖြစ်သည်။

ထို့အပြင် ကချင်နှင့် ရှမ်းပြည် မြောက်ပိုင်းတွင် မြေမြှုပ်မိုင်းထောင်မှု အများဆုံးဖြစ်နေပြီး တိုက်ပွဲကြောင့်
နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းများ အသုံးပြုနေ၍လည်း စိုးရိမ်နေရကြောင်း ယူနီဆက်က ဆိုသည်။ ၄င်းအ
ပြင် လက်နက် ကိုင်တပ်ဖွဲ့များက ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်း သောဒဏ်
ကိုလည်း ခံလာရလိမ့်မည်ဟု ကြိုတင်သုံးသပ်ထားသည်။

Popular Myanmar News Journal

No comments:

Post a Comment