ဘာသာမတူ လူမျိုးမတူသူတွေအကြား တစ်ဦးနဲ့တစ်ဦး ချစ်ခင်စွာဆက်ဆံပြောဆိုကြဖို့ကို တိုက်တွန်းတဲ့အနေနဲ့ ပန်းစကားလှုပ်ရှားမှုကို ပြုလုပ်ဖြစ်တာလို့ ပန်းစကား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုနေဘုန်းလတ်က ပြော ပါတယ်။ “အင်တာနက်ပေါ်မှာရော အပြင်မှာရောပေါ့နော်၊ Hate Speech လို့ခေါ်တဲ့ အမုန်းပွားစေတဲ့ စကားတွေရယ် Dangerous Speech လို့ခေါ်တဲ့ အန္တရာယ်ရှိစေတဲ့ စကားတွေရယ်၊ အဲဒါတွေဟာ တော်တော်လေးကို များလာတယ်ပေါ့နော်၊ အဲဒီအတွက် လူ့အဖွဲ့အစည်းက ပြဿနာဖြစ်တာတွေများလာတော့ အဲဒါကိုစိုးရိမ်လို့ ကျနော်တို့က ပန်းစကာာ ဆိုတဲ့ ခေါင်းစဉ်လေးယူပြီးတော့ လှုပ်ရှားတာပေါ့နော်၊ ဒီလိုလှုံ့ဆော်မှုတွေကို လူငယ်တွေက အရမ်းကိုစိတ်ညစ်ပြီးတော့ စိတ်ပျက်နေတယ်ဆိုတာကို ဒီပန်းစကားလှုပ်ရှားမှုက ပြလိုက်တာပဲ”
သင်္ကြန်ကား ၅ စီးလောက်နဲ့ လူငယ် ၅၀ လောက်ဟာ အင်္ကျီအနီရောင်ဆင်တူတွေ ၀တ်ဆင်ပြီး လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ ပန်းစကားအဖွဲ့ဟာ မန္တလေး၊ ပဲခူး၊ ဒလ၊ သန်လျင်၊ ပခုက္ကူ စတဲ့နယ်တွေမှာလည်း ဧပြီလ ၄ရက်နေ့ကစပြီး အလားတူ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
လာမယ့် နှစ်ဆန်းတစ်ရက်နေ့မှာလည်း ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာ အမုန်းတရားတွေ မပြန့်ပွားစေဖို့ ဆောင်ပုဒ်နဲ့ ဆုတောင်းပွဲကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
‘ပန်းစကား’ အဖွဲ့လိုပဲ ‘ပုံပြင်ပြောသူများ’ လို့အမည်ပေးထားပြီး ကလေးငယ်တွေကို ပုံပြင်တွေ လိုက်ပြောပြတဲ့ Myanmar Story Tellers အဖွဲ့ဟာ မြန်မာနိုင်ငံမှာရပ်တည်လာတာ ၄နှစ်ကျော်ရှိလာပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့ ဘယ်လို ဖြစ်ပေါ်လာတာလဲ၊ ဘယ်လိုပုံပြင်တွေကို ပြောပြသလဲဆိုတာ RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
RFA

No comments:
Post a Comment