



၁၇-၄-၂၀၁၄ ရက်နေ့ ၁၈၅၀ အချိန် မယတစု(၁၇)မန္တလေး(မြောက်)မှတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အကွက်(၂၆၅)၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်၊ လမ်း ၉၀၊ ၃၂x၃၃ လမ်းကြားနေ ဇော်ဝင်းနိုင်နေအိမ်သို့ ၀င်ရောက်စီးနင်းရှာဖွေရာ နေအိမ်တွင် ဇော်ဝင်းနိုင်နှင့် မထွားမီးတို့အားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါဆေးပြား ဆာလာအိတ် သေး(၉)အိတ်နှင့် ဇော်ဝင်းနိုင်မောင်းနှင်လာသည့် ၄င/၆၉၁၆ PARADO ယာဉ်ပေါ်မှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါဆေးပြား ဆာလာအိတ်ကြီး(၁၂)အိတ်၊ စုစုပေါင်းဆာလာအိတ်(၂၁)အိတ် အတွင်းမှ ဆူဒိုအက်ဖီဒရင်းအာနိသင်ပါဆေးပြား ၇၉.၇၉၁ သိန်း၊ အလေးချိန် ၇၉၇.၉၁ ကီလိုအား ဖမ်းဆီးရမိခဲ့ပါသည်။ ဆူဒိုအက်ဖီဒရင်းဆေးပြားများအား လက်ခံသိမ်းဆည်းထားသူ အောင်ဇော်ထွန်းအား မဟာအောင်မြေမြို့နယ်၌လည်းကောင်း၊ ဆူဒိုအက်ဖီဒရင်းဆေးပြားများ ပိုင်ရှင် ဆန်သီးဗဟာဒူး(ခ) မျိုးအောင်ကို စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်၊ မရှိခဏဘုရားအနီး၌လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။ ထို့ကြောင့် အဆိုပါအမှုမှ ဇော်ဝင်းနိုင်(ကျား)၊ ၄၉ နှစ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ ထွားမီး(မ)၊ ၄၇ နှစ်၊ (ဘ)ဦးထံဆိုင်းအ၊ ကြို့သုံးပင်ရပ်ကွက်၊ ကလေးမြို့၊ ဆန်သီးဗဟာဒူး(ခ)မျိုးအောင်(ကျား)၊ ၄၆ နှစ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့နှင့် အောင်ဇော်ထွန်း(ခ)၀မ်းတူးဖိုက်၊ ၃၁နှစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့နေသူတို့ ၄ ဦးအပေါ် အမှတ်(၆)နယ်မြေရဲစခန်း(မန္တလေး)တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရှိရသည်။
ဆက်လက်၍ မှုခင်းသတင်းဆက်များကို ဖော်ထုတ်ခဲ့မှုအရ ၁၈-၄-၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်(၃၂၃)၊ ဖောင်တော်ရပ်၊ စိန်ပန်းရပ်ကွက်နေ ညိုမောင်၏ နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းမှ မြွေရေခွံအိတ်ဖြင့်ထည့်လျက် Asmapax depot တံဆိပ် အက်ဖီဒရင်းဟိုက်ဒရိုကလိုရိုဒ်အာနိသင်ပါဆေးပြား ၂.၆၈၅ သိန်း၊ အလေးချိန် ၁၃၄.၂၅ ကီလိုအား သိမ်းဆည်းရမိခဲ့ပါသည်။ သို့ဖြစ်၍ ညိုမောင်(ကျား) ၆၂ နှစ် စိန်ပန်းရပ်ကွက်၊ မဟာအောင်မြေမြို့နယ်နေသူနှင့် ဇော်ဝင်းနိုင်(ကျား) ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ ထွားမီး(မ) ကြို့သုံးပင်ရပ်ကွက်၊ ကလေးမြို့၊ ဆန်သီးဗဟာဒူး(ခ)မျိုးအောင်(ကျား) သီရိမာလာအရှေ့ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ အောင်ဇော်ထွန်း(ခ)၀မ်းတူးဖိုက် ချော်ဆိပ်ရပ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့နေသူတို့ ၅ ဦးအပေါ် အမှတ်(၇)နယ်မြေရဲစခန်း(မန္တလေး)တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်
No comments:
Post a Comment