Friday, April 25, 2014

သူမရဲ့ Hello Kitty ဂီတဗီဒီယိုကို ဝေဖန်နေမှုအပေါ် Avril Lavigne ကတုန့်ပြန်ပြောကြား

Avril Lavigne ဟာသူမရဲ့ ဂျပန်ဟန်လွှမ်းမိုးတဲ့ဂီတဗီဒီယို Hello Kitty ဟာ လူမျိုးရေးခွဲခြားမှုလို့စွပ်စွဲခံရပြီးနောက် အဲဒီ့စွပ်စွဲမှုတွေကိပြန်ပြီးတုန့်ပြန်ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၂ ရက်နေ့က အဲဒီ့ ဗီဒီယိုကိုအစမ်းထုတ်ခဲ့တာဖြစ်ပြီး အဲဒီ့ အစမ်း clip ထဲမှာ Avril ဟာ သကြားလုံးဆိုင်ထဲမှာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာပေးတွေနဲ့ အာရှသူလေးယောက်က နောက်ခံ ကချေသည်တွေအဖြစ်နဲ့ခြံရံထားခြင်းခံရပြီး ဂျပန်ရဲ့ချစ်စဖွယ် kawaii ယဉ်ကျေးမှုကို ပုံကြီးချဲ့ဖေါ်ပြထားတဲ့ မြင်ကွင်းတွေပါပါတယ်။

အဲဒီ့ဗီဒီယိုစာ ချက်ခြင်းဆိုသလို twitter မှာပြောစရာဖြစ်လာခဲ့ပြီး လူမျိုးရေးခွဲခြားမှုတစ်ခုအဖြစ်ဝေဖန်သူတွေကပြောဆိုကြပါတယ်။ နာရီအနည်းငယ်ကြာမှာတော့ လူမျိုးရေးခွဲခြားသူ Avril လို့အမည်ရတဲ့ #avrilracist ဆိုတဲ့ hashtag တွေက အဲဒီ့လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားတဲ့ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။

အဲဒီ့စွပ်စွဲချက်တွေကြောင့် Avril တစ်ယောက်စိတ်ရှုပ်ထွေးသွားခဲ့တဲ့အတွက် သူမရဲ့ကိုယ်ပိုင် twitter စာမျက်နှာကိုတက်ပြီး ဒီဗီဒီယိုမှာ ဂျပန်ယဉ်ကျေးမှုကိုထည့်သွင်းခဲ့ရတဲ့ အကြောင်းကိုရှင်းပြပါတော့တယ်။

“လူမျိုးရေးခွဲခြားမှုဟုတ်လား။ တော်တော်ရယ်စရာကောင်းတယ်။ ကျွန်မ ဂျပန်ယဉ်ကျေးမှုကိုချစ်ပြီး ကျွန်မကိုယ်ပိုင်အချိန်တစ်ဝက်လောက်ကို ဂျပန်မှာကုန်ဆုံးခဲ့တာပါ” လို့ရေးခဲ့ပါတယ်။

“အထူးသဖြင့်ကျွန်မရဲ့ဂျပန်ပရိတ်သတ်တွေအတွက် ဒီဗီဒီယိုကိုရိုက်ဖို့အတွက် ကျွန်မ တိုကျိုကိုလေယဉ်စီးသွားခဲ့တာပါ။ ဂျပန် ထုတ်လုပ်ရေးကုမ္ပဏီ၊ ဂျပန်အကပိုင်းဆိုင်ရာကြီးကြပ်သူတွေ၊ ဂျပန်ဒါရိုက်တာနဲ့ ဂျပန်မှာရိုက်ခဲ့တာပါ” လို့ Avril ကပြန်လည်တုန့်ပြန်ရေးသားခဲ့ပါတယ်။

Ref:starpulse.com
Trend Myanmar

No comments:

Post a Comment