Wednesday, April 16, 2014

ရန်ကုန်မြို့ ရှင်စောပုလမ်း မှာရှိတဲ့ Myanmar Event Park ပြုလုပ်နေတဲ့ Myanmar summer festival 2014 ပွဲမှာ လက်မှတ်ဝယ်ထားသူ တချို့ဝင်ခွင့်မရတာကြောင့် မကျေနပ်မှုတွေဖြစ်

ရန်ကုန်မြို့ ရှင်စောပုလမ်း မှာရှိတဲ့ Myanmar Event Park ပြုလုပ်နေတဲ့ Myanmar summer festival 2014 ပွဲမှာ လက်မှတ်ဝယ်ထားသူ တချို့ဝင်ခွင့်မရတာကြောင့်
မကျေနပ်မှုတွေဖြစ်ခဲ့ပါတယ်။ နေ့လည်နှစ်နာရီ ၀န်းကျင်ခန့်မှာ လျှပ်စစ်မီးမလုံလောက်မှုကို အကြောင်းပြပြီး လက်မှတ်ဝယ်ထားသူတွေကို ပေးမ၀င်ခဲ့လို့ မကျေနပ်မှုတွေ ဖြစ်ခဲ့ရတာပါ။ဝင်ပေါက်မှာ လက်မှတ်ဝယ်ထားပြီး ၀င်ခွင့်မရတဲ့သူတွေဟာ နှစ်နာရီနီးပါးလောက် စောင့်နေပေမယ့် တာဝန်ရှိသူတစ်ဦးတစ်ယောက်ကမှ လာမဖြေရှင်းပေးတာကြောင့် ၀င်ပေါက် တွေမှာ ပြသာနာ အနည်းငယ်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လူအုပ်များလာတာကြောင့် လက်မှတ်ရှိသူတိုင်းကို ပေးဝင်ခဲ့ပါတယ်။

Myanmar Summer Festival 2014 မှာ လက်မှတ်တစ်စောင် လူတစ်ယောက်ကို ၃၀၀၀ ကျပ်နှုန်းနဲ့ရောင်းချခဲ့တာဖြစ်ပြီး ကစားခွင့်တိုကင် တစ်ခုကို ၁၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချခဲ့တာပါ။ အဲဒီ ပွဲမှာ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ကစားနည်း အမျိုး၂၀လောက်ပါဝင်ပါတယ်။

သတင်း - မျိုးမင်းဦး
ဓာတ်ပုံ - ကောင်းထက်ကျော်
DVB TV News

No comments:

Post a Comment