၂၂.၄.၂၀၁၄ ရက်နေ့ ၁၆၁၀ အချိန်တွင် ဒလမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန်လမ်းမကြီးဘေး၊ ရန်ကုန်မြစ်ကမ်းစပ်တွင် လွန်းတင်ထားသော ငါးဖမ်းသင်္ဘော၏ ၀မ်းဗိုက်
အတွင်း မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ ပါသည်။
နေ ဦးဒန်မဆမ် ပိုင်ဆိုင်သော “ရွှေရတနာဝင်းဝင်း”အမည်ရှိ သင်္ဘော
ဝမ်းဗိုက်အတွင်း အအေးခန်းပြုပြင်ရန်အတွက် ဦးထွန်း (၄၂)နှစ်၊
(ဘ)ဦးစိုးမင်း၊ ၁၀/တောင် ၁၃ ရပ်ကွက်၊ သာကေတမြို့နယ်နေသူမှ ကတ်တာဖြင့်
ဖြတ်တောက်နေစဉ် ဖော့တုံးများပေါ်သို့ မီးပွားများကျပြီး
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ
ရောက်ရှိ
ငြှိမ်းသတ်ခဲ့သဖြင့် ၁၆၂၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးထွန်းအား ဒလမြို့မရဲစခန်း
(ပ)၁၇၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment